မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


Ask Me! - 1

5/24/08

လာပါပြီဗျာ အမေး/အဖြေအမှတ်စဉ် (၁)
ဒီတစ်ခါက ပထမဆုံးလဲဖြစ်ပြန်၊ ဦးဆုံးလည်းဖြစ်ပြန်၊ နံပါတ်(၁)လည်းဖြစ်ပြန်ဆိုတော့ အရင်ဆုံးပေါ့နော့ ....

အမှားအယွင်းလေးတွေရှိရင် ခွင့်လွှတ်ကြပါလို့ .. ဒီတစ်ခေါက်မှာ မေးတဲ့သူများကို ဖော်ပြဖို့အတွက် အနည်းငယ်အခက်အခဲရှိတဲ့အတွက် မူတစ်မျိုးနဲ့ဖြေပါရစေလို့ ..

မှတ်ချက် ။ အချို့သောမေးခွန်းများအား စံညွှန်းမမီသောကြောင့် ခေတ္တပယ်ထားရပါသည်။

မေး - ဟုတ်ကဲ့ခင်ဗျား။ လောကကြီးမှာ ဘာအကောင်းဆုံးလဲဆိုတာကို သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား
ဖြေ - ဦးဦးရဲ့အဖြေပွင့်ပွင့်လင်းလင်းလေးကတော့ “ဘာအဆိုးဆုံးလဲဆိုတာကို သိတဲ့အချိန်မှာ ဘာအကောင်းဆုံးလဲဆိုတာကို သိရပါလိမ့်မယ်တဲ့” ခင်ဗျား။

မေး - ဦးဦးတောင်ငူရဲ့ရည်းစားနံမည်ကဘယ်လိုခေါ်ပါသလဲ.. ဖြေပေးပါ..
ဖြေ - အဲ့ဒါကတော့ တောစီးကရက်လေ။ သဉ္ဖာလေးစိတ်ကောက်သွားရင် ဘယ့်နဲ့လုပ်မလဲ။ ဦးဦးက သိပ်မချော့တတ်ဘူးကွဲ့။

မေး - မေးမယ်ဗျာ... ဦးဦးတောင်ငူဖြေပေးပါ... internet ဆိုတာဘယ်သူ့ကိုခေါ်တာလဲ။ ဦးဦးရောတွေ့ဖူးလား...
ဖြေ - အင်တာနတ်ဆိုတာ အတွင်းကိုစောင့်တဲ့နတ်ပေါ့ကွယ်။ အဲ့ဒါတော့ မာမီချစ်ကိုမေးကြည့်။ သူက နတ်ကန္နားပေးတာမဟုတ်လား။

မေး - အဖြေမရှိတဲ့ မေးခွန်းတွေက ဘာတွေလဲ။
ဖြေ - အမေးမရှိတဲ့ အဖြေတွေပေါ့ကွယ်။

မေး - အုန်းသီးထဲကို ဘယ်သူရေထည့်တာလဲဟင်။
ဖြေ - အဲ့ဒါလေးများ လွယ်လွယ်ကလေး။ အုန်းပင်ထည့်တာပေါ့။

မေး - ဟ ဟ ဟ ဒီနေ့ဘာနေ့တုန်း ??? (မေးဖို့အရေး ပါးစပ်ဟခိုင်းနေသေးတယ်)
ဖြေ - မနေ့ကရဲ့မနက်ဖြန်လေ။ တိကျအောင်ပြောရရင် သဘက်ခါရဲ့ မနေ့တနေ့ကပေါ့ကွယ်။

မေး - လူတွေရဲ့ခန္ဓာကိုယ်က လျင်မြန်သွက်လက်တာဘာလဲဟင်။
ဖြေ - လက် လေ။ (ဒီကောင်လေး လက်ဆော့တတ်တယ် သတိထားဆိုတာ ။ မြန်လွန်းလို့ ဘယ်သူမှတောင် မသိလိုက်ဘူး)

မေး - ပညာရှိတွေက ပြောကြတယ်။ မျောက်ကနေလူဖြစ်တာတဲ့။ ကျွန်တော်ကမေးချင်ပါတယ်။ ကြောင်ကနေကျားဖြစ်တာလား.. ကျားကနေကြောင်ဖြစ်တာလားပေါ့။
ဖြေ - ဦးဦးတောင်ငူလည်း ပညာချိပဲ။ အဲ့ဒီအမေးကို ဥပမေယျနဲ့ဖြေမယ်။ ကျားဆရာကြောင်ဆိုတာကို ကြားဖူးတယ်။ ဒါပေမယ့် ကြောင်ကြောင်ကျားကျားလည်း ကြားဖူးတာပဲ။ ဒါကြောင့် အတူတူဖြစ်လာတာလို့ ဖြေချင်ပါတယ်။

မေး - ဟိုဟာလေ.... ဟိုဒင်း......... ဘယ်ဟာလဲဆိုတော့ ... အင်း...... အဲ့ဟာလေဗျာ... ဟိုတစ်ခုလေ.... အဲဟာပါဆို... ကျေးဇူးပဲဗျို့.....
ဖြေ - ဒီမေးခွန်းအတွက် တော်တော်စဉ်းစားရင်းနဲ့ ကယောင်ခြောက်ခြား ဖြစ်သွားတာထင်တယ်။ အင်း “ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ်” ဇာတ်ကားလားဟင်....

မေး - အိပ်ယာဝင်ရင် ဘာကိုသတိရလဲ။
ဖြေ - အိပ်ယာဝင်ရင် မအိပ်ခင်ကဟာတွေကို သတိရပါတယ်တဲ့ခင်ဗျာ။ (အင်း.... တို့ဆရာကြီး ပုလင်းထောင်တုန်းကတော့ ဘာမှသတိမရတာသေချာတယ်)

မေး - ကြက်ဥနဲ့ကြက်မ ဘယ်ဟာအစလဲဟင်။
ဖြေ - အင်း ... အဲ့ဒါကတော့ ကြက်ဖ မှသိလိမ့်မယ်ကွဲ့။ (မှတ်ချက် ။ အဆိုတော်မဟုတ်ပါ)


ကျေးဇူးပါ - အခုလို မေးခွန်းလေးတွေ မေးပေးတဲ့သူတွေအားလုံးကို ယခု Ask Me! ကဏ္ဍ မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့ ပြောပါရစေ။
နောက်တစ်ပတ်မှာလည်း ဤအချိန်၊ ဤနေရာ၊ (အဲလေ ဟုတ်ပါဘူး)
နောက်တစ်ပတ်မှာလည်း ယခုထက်ကောင်းမွန်သော မေးခွန်းများအားမေးပေးစေလို၍ မေးခွန်းမေးသူရဲ့ နစ်ကိုပါဖော်ပြပေးမှာဖြစ်ပါတယ်။ ယခုထက်ပိုမိုကောင်းမွန်သော အကြံများ အဖြေများကိုလည်း ရရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အစပိုင်းဆိုတော့ မသိသေးသူများလည်း သိသွားစေဖို့အတွက် ရည်ရွယ်ပြီး အလျင်အမြန်အဖြေထုတ်လိုက်ရကြောင်းပါခင်ဗျားးးးးးးးးး

To think

You are lazy when your life is simple.

စောင့်နေကြတာလား

5/22/08

အဖြေတွေစောင့်နေကြတယ်မဟုတ်လား....
မစောင့်ဘူးလို့တော့မပြောပါနဲ့... အားနာပါးနာ စောင့်နေတယ်လို့သာပြောလိုက်


ဦးဦးတောင်ငူနံမည်နဲ့ နာမ်စားသုံးပြီး တောင်ငူဘလော့ဂါအဖွဲ့ကိုယ်စား Ask Me! ကို အဖြေထုတ်ပေးတော့ပါမယ်။ အခုတော့ ဦးနှောဏ်ခြောက်ခိုင်းထားတယ်။ စားနေကြပီ။ အမေးထဲမှာ တချို့သော မေးခွန်းမကျတာတွေကို ပယ်ပါ့မယ်။ သိပ်မကြာခင် (မနက်ဖြန်/သို့/သဘက်ခါ) အဖြေပေးမယ်နော်။ စောင့်နေ

တောင်ငူက Cyber shop များ

ကျွန်တော်တို့တောင်ငူမှာအခုဆိုရင် cyber shop ၄ ခုရှိသွားပါပြီ။
လူကြီးမင်းတို့ တောင်ငူကိုရောက်ရင် အင်တာနက်အသုံးပြုလို့ရအောင် ကျွန်တော်ပြောပြချင်ပါတယ်။
1.Netstar (လိပ်စာကတော့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ သူနာပြုသင်တန်းကျောင်းရှေ့)
2.Century (လိပ်စာကတော့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ ဆက်သွယ်ရေးရုံးရှေ့)
3. Harmony (လိပ်စာကတော့ ဦးပန်းဖြူလမ်းက Harmony Snack Bar မှာ)
4. စိတ္တသုခ (လိပ်စာကတော့ တောင်ငူမြို့တွင်းက ကုန်သည်ကြီးလမ်း၊ စိတ္တသုခ ဆေးဆိုင်မှာ)

တရားရှာ ကိုယ်မှာတွေ့

စာဖတ်ပရိတ်သတ်များနှင့်တောင်ငူမိတ်ဆွေတို့ကိုတစ်ခုတော့ ကြွားလိုက်အုံးမယ်……

ကျွန်တော်စာရေးဆရာကြီးကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ဆိုတဲ့ စာအုပ်ကို ဖတ်ရပါတယ်….

အဲဒီထဲမှာ လောကကြီးထဲမှာ တန်းဖိုးရှိရှိနေချင်ရင်၊ သတိရှိရှိနေရမယ်…..တဲ့

အဲဒီတုံးက ကျွန်တော်မသိခဲ့ပါဘူး…..သတိရှိအောင်ဘယ်လိုနေရမလဲဆိုတာ….

၁၃၇၀ နှစ်သစ်ကူးတော့မှ ပဲသိခဲ့ရပါတယ်…..

သင်္ကြန်တုန်းကပေါ့

ကျွန်တော်က ကျွန်တော့်မေမေကို အေးအေးချမ်းချမ်းရှိတဲ့နေရာနေချင်တယ်လို့ပြောလိုက်တော့…. ကျွန်တော့်မေမေက တရားစခန်း(သာသနာရိပ်သာမှာစာရင်းသွင်းထားခဲ့တယ်….. အလုပ်ကခွင့်ရတော့ တခါတည်း တောင်ငူမြို့၊ နံပါတ်(၁)လမ်းအဆုံး(မြောက်ဘက်)မှာ ရှိတဲ့ ဝေဋ္ဌုဝန်သာသနာရိပ်သာသို့သွားခဲ့ပါတယ်…..

အဲဒီမှာ စပြီးတရားစခန်းဝင်ဖြစ်သွားပါတယ်…..

အဲဒီရောက်တော့ တော်တော်အေးချမ်းတဲ့နေရာလေးပဲ….. လူဦးရေကို လက်ချိုးရေတွက်လို့တောင်ရတယ်…. ၁။ဘုန်းကြီး ၂။ဦးဇင်း ၃။ကိုယ်ရင် ၄။ဆရာလေး ၅။ဒါယကာကြီး ၆။ဒါယိကာမကြီး ၇။တပည့်တော် စတဲ့ လူဦးရေတွေနဲ့ပဲ ကြုံတွေဆက်ဆံခဲ့ရပါတယ်……

အဲဒီသာသနာရိပ်သာကျောင်းတော်ကြီးကို ကျွန်တော်ရောက်သွားတော့ မနက်ခင်း ၃း၃၀ အိပ်ရာက ထရပြီး (၄)နာရီမှ (၅)နာရီ၊ (၆း၀၀)မှ(၇း၀၀)နာရီ၊ (၈း၀၀ မှ ၉း၀၀)အထိ တစ်နာရီကြားတစ်ခါ တစ်နာရီ တရားထိုင်ရပါတယ်… (၁၀း၃၀ မှ ၁၁း၃၀)အထိ ဆွမ်းဘုန်းပေးရပါတယ်…. ပြီးတာနဲ့ (၁၂း၀၀ မှ ၁း၀၀)၊ (၂း၀၀ မှ ၃း၀၀)၊ (၄း၀၀ မှ ၅း၀၀)၊ (၆း၀၀ မှ ၇း၀၀)၊ (၈း၀၀ မှ ၉း၀၀)အထိ တရားကျင့်ကြံအားထုထ်ရပါတယ်….

သာသနာရိပ်သာကြီးမှာတော့ (သိလ၊ သမာဓီ၊ ပညာ ၊ စသည့်)တို့ ကျင့်ကြံအားထုတ်ကြပါတယ်....

အဲဒီသာသနာရိပ်သာကြီးကတော့ ကျွန်တော်ကို သတိနဲ့နေတက်အောင် ပညာပေးခဲ့ပါတယ်...

သမာဓိတရားကိုအခြေခံပြီးတော့ ခန္ဒာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ဖြစ်ချင်း၊ ပျက်ခြင်း၊ အနိစ္စတရားတွေကို သတိကို ၀မ်းဗိုက်မှာကပ်ပြီး (ဖောင်းရင်ဖောင်းတယ်.... ပိန်ရင်ပိန်တယ်)လို့ ရှုမှတ်ပြီး တည်ငြိမ်အေးချမ်းတဲ့စိတ်ရဲ့ ခံစားမှုမျိုးရရှိခဲ့တာ ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပဲလို့ ..... မြတ်စွာဘုရားဟောကြားခဲ့ပါတယ်....

(ကိုစည်သူရေ...ဒီအပိုဒ်လေးကိုတော့ ကျွန်တော်တို့ဦးဇင်းက ကူညီခဲ့ပါတယ်...)

ကျွန်တော်သိတာကတော့.... လမ်းလျှောက်ရင်းရှူမှတ်နည်း... လမ်းလျှောက်နေရင် (ကြွတယ်... လှမ်းတယ်..... ချတယ်..... နင်းတယ်...... ကြားတယ်..... မြင်တယ်...... )စသည့်တို့ကို ထပ်ခါထပ်ခါ သတိမပြတ်မှတ်ယူရပါတယ်..... ကျွန်တော်နည်းနည်းခံစားဘူးပါတယ်.... (၅)မိနစ်လောက်ကြာသတိနဲ့ လမ်းလျှောက်နေတော့.... ၁ စက္ကန့်လောက် ခန္ဒာကိုယ်တစ်ခုလုံး ပေါ့ပါးသွားခဲ့ပါသေးတယ်.....

ဒါကြောင့် ပရိတ်သတ်ကြီးနဲ့ တောင်ငူမိတ်ဆွေများကို မသေခင်အချိန်အတိုအတွင်း တရားမှတ်တက်အောင်လေ့ကျင့်ဖို့နှင့် သေတောမယ့်အချိန်မှာ တရားနဲ့ အဆုံးသတ်သွားနိုင်ရန်ရည်စူးပြီး ဖေါ်ပြလိုက်ပါသည်..... (တရားနဲ့သေရင် နည်းနည်းတော့မြတ်ပါတယ်....)

Warez အကြောင်းနည်းနည်းပါးပါး

W@rez ဆိုတာဘာလဲ? အဲ့ဒါကို အရင်ရှင်းဖို့လိုအပ်ပါတယ်။ W@rez ဆိုတာ UnderGround (or) Black site တွေပါပဲ။ ဆိုလိုတာက တရားဝင်မဟုတ်တဲ့ဆိုဒ်တွေပါ။ အဲ့ဒီဆိုဒ်တွေကနေတစ်ဆင့် သင်ဟာ သင်လိုချင်တဲ့ သီချင်းတစ်ခွေ (ဒါမှမဟုတ်) ဆော့ဖ်ဝဲလ်တစ်ခုကို ပိုက်ဆံချေစရာမလိုပဲ ရနိုင်ပါတယ်။ ဒါပေမယ့် မှတ်ထားရမှာက သူတို့ရဲ့ ထုတ်ကုန် (Software, Music, Video etc.) တွေဟာ Copyright ကို ဆန့်ကျင်နေတာပါပဲ။

W@rez တွေကို ပြုလုပ်တဲ့ပုံစံကတော့ အဖွဲ့အစည်း (သို့) တစ်စုံတစ်ယောက်က ကိုယ်ပိုင်သီးသန့်နက်ဝက် (darknet) ကိုတည်ဆောက်ပြီး သူတို့အချင်းချင်း (ဒါမှမဟုတ်) သူတို့ယုံကြည်ရတဲ့လူတွေနဲ့ အဆက်အသွယ်လုပ်ကြ၊ ဖိုင်တွေကို PC to PC / P2P (peer to peer) ပုံစံနဲ့ ဝေမျှကြတာပါ။

သူတို့ကို သိုလှောင်ထားတတ်တဲ့နေရာတွေကတော့

  • warez sites (http Sites)
  • FTP servers (e.g : ftp://123.45.67.88)
  • Peer to Peer (Kaaza, Bit Torrent, WinMX etc.)
  • IRC channels (from mIRC chatting Softwares)
  • News Groups

P2P (same as PC to PC) ဆိုတဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့ ရှယ်ရာလုပ်ကြပါတယ်။
သူတို့သုံးတတ်တဲ့ Terms တွေကို ပြောပြပါမယ်။
ISO files နဲ့ Rip
Iso ဆိုတာက သင်ဟာအခွေဆိုင်ကနေ၀ယ်ရင် ရနိုင်မယ့်ဖောမက်မျိုး အလုံးစုံပြီးပြည့်စုံ နိုင်တဲ့ဖိုင်ပါ။ စီဒီတွေကို burn ဖူးတယ်ဆိုရင် ဒီဖောမက်ကို သိပါလိမ့်မယ်။
Rip ကတော့ ထုတ်နှုတ်ထားတာပါ။ ဥပမာ - အသံတွေ၊ အရုပ်တွေကို ဖယ်ထုတ်လိုက်တယ်ပေါ့။
Iso file ကို ဒေါင်းလုဒ်လုပ်တယ်ဆိုရင် အချိန်ကြာမြင့်စွာယူရတတ်ပေမယ့် Rip file တွေကတော့ အဲ့ဒီလောက်ကြီးမကြာနိုင်ပါဘူး။
နောက်ထပ်တစ်မျိုးကတော့ "Serial or Key Generator or Crack" - ဒါတွေကိုတော့ အင်စတောလုပ်ဖူးတဲ့သူတိုင်း ကောင်းကောင်းသဘောပေါက်မယ်ထင်ပါတယ်။ အဲ့ဒီဖိုင်တွေဟာ Free Trial လို့ခေါ်တဲ့ သတ်မှတ်ချက်တွေပေးထားတဲ့ နမူနာဆော့ဖ်ဝဲလ်တွေ ဖိုင်တွေ ဂိမ်းတွေကို အပြည့်သုံးနိုင်အောင် ကြံဆောင်ပေးနိုင်တဲ့ဖိုင်လေးတွေပါ။ Free Trial တွေဟာ သူတို့ပေးထားတဲ့အချိန် (ဒါမှမဟုတ်) သတ်မှတ်ထားတဲ့ရက် (ဒါမှမဟုတ်) သတ်မှတ်ထားတဲ့အခန်း တွေကိုရောက်ရင် အဆိုပါ Software (or) Game ဟာ ဆက်သုံးလို့မရတော့ပါဘူး။ ဒါကြောင့် ဆက်သုံးလို့ရအောင် လုပ်ထားတဲ့ ဖိုင်တွေပါ။ ဥပမာပေးရရင် သော့တံ တစ်ချောင်းနဲ့ ဆင်ပါတယ်။
တခါတလေ တွေ့ရတတ်တဲ့ဖိုင်တွေအနေနဲ့ကတော့ Zip လုပ်ထားတဲ့ ဖိုင်တွေပါ။ (.zip, .rar) ဒါပေမယ့် တစ်ချို့ဖိုင်တွေဟာ rar ဖိုင်ကိုမှ ဒေါင်းလုဒ်/အပ်လုဒ် အဆင်ပြေအောင်ခွဲထားတတ်ကြပါတယ်။ ဖိုင်တွေပြန်ဖြည်တဲ့အခါကျရင် ဖိုင်စုံအောင်ဒေါင်းလုဒ်မလုပ်ထားရင် error တွေတက်တတ်ပါတယ်။ (eg : some.rar.001, some.rar.002, -or- some_part1.rar, some_part2.rar)

Video Format တွေကတော့
  • SVCD
  • VCD
  • DivX
  • Xvid

Svcd ကတော့ quality အကောင်းဆုံးဖြစ်လို့ ဖိုင်ဆိုဒ်ကြီးတတ်ပါတယ်။ ဒေါင်းလုဒ်လုပ်ရတာ အချိန်ယူတာ ကြာနိုင်ပါတယ်။
များသောအားဖြင့် DivX ဖောမက်နဲ့ Xvid တွေအနေနဲ့ ရှိတတ်ကြပါတယ်။

နောက်ဆုံးအနေနဲ့ပြောရရင် ကျွန်တော်တို့လို ဆော့ဖ်ဝဲလ်တွေအတွက် မတတ်နိုင်သေးတဲ့ နိုင်ငံတွေက အဲ့ဒီဆိုဒ်မျိုးတွေကို အားကိုးသင့်တယ်လို့ထင်ပါတယ်။ (illegal ဖြစ်သော်ငြားလည်း) ဘာ့ကြောင့်လဲဆိုတော့ အွန်လိုင်းပေါ်က (ပိုက်ဆံရှိလို့/တတ်နိုင်လို့) ဆော့ဖ်ဝဲလ်တစ်ခုကို ၀ယ်မယ်ဆိုပါတော့ ငွေချေတဲ့ကိစ္စမှာ အများကြီးပြဿနာတတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီ pirate ဆော့ဖ်ဝဲလ်တွေသုံးကြဖို့ တိုက်တွန်းချင်တာမဟုတ်ပါဘူး။ အခြေအနေနဲ့ အချိန်အခါကြောင့်ပါ။ နောက်ပိုင်း Copyright တွေပေါ်လာရင်တော့ ...............
...........................
...........................................................


Ps : warez တွေကို ကြည့်ချင်ရင်တော့ www.warez.com (ပိတ်ထားကောင်းပိတ်ထားပါလိမ့်မယ် - may b access denied) www.warez-bb.org (it's a forum)

Ask Me! နဲ့ ရှင်းလင်းချက်

5/21/08




ဒီတစ်ညတော့ ကိုယ့်ရင်ခွင်မှာ..................

မသီကျူးနိုင်သေးပါဘူးဗျာ။ Ask Me! နဲ့ နည်းနည်းအလုပ်ရှုပ်နေလို့။

ဘာဖြစ်လို့လဲဆိုတော့ သုံးနေတဲ့ပုံစံကို ကျွန်တော်စိတ်တိုင်းမကျသေးဘူးလေ။ အဲ့ဒီအတွက် နောက်တစ်မျိုးထပ်ပြီး စီစဉ်နေလို့ ကျနော်တောင် Beta - စမ်းသပ်အဆင့်လို့ နံမည်ပေးခဲ့၊ သမုတ်ခဲ့သေးတယ်။

အခုတလော Improvement တွေချည်းပဲ ရေးနေ၊ လုပ်နေရလို့ တခြားစာတွေတောင် ဘယ်ရောက်နေမှန်းကို မသိဘူး။ အခုလုပ်ထားတဲ့ Ask Me! (Beta) ကိုဘာလို့ မကြိုက်လဲဆိုတော့ အက်ဒမင်ကွန်ထရိုးမပြည့်လို့ပါ။ ဒါကြောင့် အခုဆိုရင် FAQ manager ကို ပြန်လည်မွမ်းမံထားတဲ့ Ask Me! ကိုသာသုံးဖို့ စီစဉ်လိုက်ပါတယ်။ (ဒီအတွက် အင်စတောလုပ်ပေး/ကြော်ငြာဘန်နာတွေကိုဖျောက်ပေး/အစစအရာရာကူညီပေးတဲ့ ကိုကိုရဲ ကို အထူးပင်ကျေးဇူးတင်လိုကြောင်း ပြောကြားချင်ပါတယ်။)

ကဲ .. ရှင်းလင်းချက်ကို စရအောင် .........

ဘာ့ကြောင့်ရှင်းလင်းချက်ထုတ်ရတာလဲဆိုရင် Ask Me! မှာ ကျွန်တော်ကြည့်လိုက်တော့ တော်တော်များများ မေးထားတာတွေကို တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်ရွယ်ချင်တဲ့ ပေါ့ပေါ့ပါးပါး မကဘူးဖြစ်နေတယ်။ ဘယ်လိုတွေဖြစ်နေသလဲဆိုတော့
  • တချို့က Comment လို့ခေါ်တဲ့ မှတ်ချက်နဲ့ ရောထွေးနေတတ်တယ်။ မှတ်ချက်သဘောက စာတစ်ပုဒ်၊ စာတစ်ပိုဒ်၊ စာတစ်ကြောင်းအပေါ်မှာ စာဖတ်သူဟာ စာရေးသူအပေါ်ကို တိုက်ရိုက်ပြောချင်တဲ့စကား လို့သက်ရောက်ပါတယ်။ Ask Me! က ထိုကဲ့သို့မဟုတ်ပါ။
  • တချို့က Greeting လို့ခေါ်တဲ့ ပဋိသန္ဓာရစကားတွေရေးထားတတ်ကြတယ်။ “မတွေ့တာကြာပြီတို့ .. လည်လည်လာသွားတယ်တို့ ...” ဘလော့ဂါတွေရဲ့အခေါ်အရ စီပုံး (C box or Shout Box) နဲ့ ရောထွေးသွားတတ်ပါတယ်။
  • တချို့က ပဟေဠိတွေလာမေးထားကြတယ်။ လုံးလုံးကို ကွဲပြားပါတယ်။ ကိုယ်ကအဖြေသိတယ်။ တခြား တစ်ယောက်ကို အဖြေသွားမေးတယ်။ စကားဝှက်တယ်။ ဒါတွေနဲ့ Ask Me! နဲ့မတူပါ။ Ask Me! ကို မိတ်ဆွေက မသိသေးတဲ့ / သိချင်တဲ့ မေးခွန်းတွေ မေးပေးဖို့ပါပဲ။
  • တချို့ကျပြန်တော့ အမေးမဟုတ်၊ အဖြေမဟုတ်တွေ။ ဒါတွေလည်း မဖြစ်သင့်သေးပါဘူး။
ဒါ့ကြောင့် ကျွန်တော်အခု ရှင်းလင်းချက်ထုတ်လိုက်တာပါ။ ကျွန်တော်နားလည်သလိုမျိုး တခြားသူနားလည်အောင် ကျွန်တော်လုပ်နိုင်စွမ်းနည်းနေသေးလို့ပါ။ ဒါတွေအားလုံးကို ကျွန်တော်နားလည်ပါတယ်။ အထိအတွေ့နည်းသေးတဲ့ / လုံးဝမတူတဲ့ မမြင်ဖူးကြမယ့် အခြေအနေတစ်ရပ်ကို ထူထောင်လိုက်တာကိုး။ ကျွန်တော် ရေဒီယို အစီအစဉ်တစ်ခု ထပ်လုပ်ဖို့ရှိသေးတယ်။ အဲ့ဒါကတော့ ဒီတစ်လကုန်မှ ဖြစ်ဖို့များမယ်။

Ask Me! မေးခွန်းလေးတွေကို ဘယ်လိုမျိုးဖြစ်ချင်သလဲဆိုတော့
  • မေးချင်တဲ့မေးခွန်းက လိုရင်းတိုရှင်းဖြစ်ရပါမယ်။ (အခုမေးသွားတဲ့အထဲမှာ - “ကြက်ဥနဲ့ကြက်မ ဘယ်ဟာအစလဲဗျာ” ဆိုတာကို သဘောကျပါတယ်။ ဖြေတဲ့သူလည်း ပေါက်ကရပြန်ဖြေနိုင်တာပေါ့)
  • ကျွန်တော်တို့ရဲ့ Ask Me! က နိုင်ငံရေး၊ လူမှုရေး စတဲ့ အပြုသဘောတွေ မပါပါ။ အဲ့လိုမျိုး မေးခွန်းတွေက အင်တာဗျူးသဘောသက်ရောက်ပါတယ်။ နောက်ပိုင်းကျမှ ထည့်မယ့်အစီအစဉ် တစ်ခုပါ။
  • ဖြစ်နိုင်ရင် ဗမာလိုပဲ ရေးသားစေချင်ပါတယ်။ ဘားဂလိ (Burglish) နဲ့ မေးခဲ့ရင် ပြန်ဆိုတဲ့အခါမှာ အကျအနကောက်တာ မှားယွင်းနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အင်္ဂလိပ်ဖြင့်ရေးသားခြင်းများ ရှောင်ရှားစေလိုပါတယ်။ (ဖြေတဲ့အခါကျရင် ပျော်စရာမကောင်းနိုင်တော့လို့ပါ)
ဒါပါပဲ .. တော်ကြာ စည်းကမ်းတွေကများလှချည်လားဆိုပြီး မရေးကြဘဲနေဦးမယ်။

ကဲ.. နမူနာကို ကြည့်ရအောင်...





Your Name - မိတ်ဆွေရဲ့နံမည်လေးကိုဖြည့်လိုက်
Email - မိတ်ဆွေရဲ့အီမေးလ်လိပ်စာလေးကိုဖြည့်လိုက်
Category - သူကတော့ မေးခွန်းမေးမယ့် နေရာကိုပြောတာ (လောလောဆယ် ပျော်ပျော်ရွှင်ရွှင် ပဲရှိသေးတယ်)
Question - မိတ်ဆွေမေးချင်တဲ့ မေးခွန်းခပ်တိုတိုလေးပဲဖြည့်လိုက်
ဒါပြီးရင်တော့ "Submit" လေးကိုနှိပ်ပြီးပို့လိုက်


ကဲ... ဘယ်လောက်ရိုးရှင်းပြီး လွယ်လိုက်သလဲလို့.........
ကျွန်တော်တို့အဖြေကို ဒီရက်ပိုင်းအတွင်း ထုတ်ပေးပါ့မယ်။ အားပေးတဲ့ မေးမြန်းကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

တောင်ငူ နှစ်ကျိပ်ရှစ်ဆူပွဲ (အပိုင်း-၁၊ အစဉ်လာမပျက်ပူဇော်)

တောင်ငူနှစ်ကျိပ်ရှစ်ဆူပွဲတော်ဟာ ယခုနှစ်တွေမှာ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲလောက် မစည်ကားတော့ပေမယ့် နှစ်စဉ်မပျက်မကွက် ကျင်းပပူဇော်မြဲပါ။ တောင်ငူမှာ ရွှေဆံတော်ဘုရား၊ မြစည်းခုံဘုရား၊ ကောင်းမှုတော်ဘုရား၊ နဂါးရုံဘုရား၊ ကေလဇာတီဘုရား နှင့် မြတ်စောညီနောင်ဘုရားများ စသော ထင်ရှားတဲ့ ဘုရားများစွာတည်ထားကိုးကွယ်ကြပါတယ်။ ယခုနှစ်ကျိပ်ရှစ်ဆူပွဲတော်ဟာ ကေလဇာတီဘုရားမှာ ကိန်းဝပ်စံပယ်တော်မူသည့် နှစ်ကျိပ်ရှစ်ဆူကုန်သောမြတ်စွာဘုရားများ မြို့တွင်းသို့ ဒေသစာရီကြွချီရာမှာ တောင်ငူမြို့ပေါ်သာမက အနီးနားမြို့ရွာများမှပါမကျန် လာရာက်ဖူးမြှော်ကြလို့ အင်မတန်စည်ကားလှပါတယ်။ နှစ်စဉ်လှည့်လည်အပူဇော်ခံရာမှာ နေ့ခင်းပိုင်းဒေသစာရီကြွချီ်ပွဲကို တန်ဆောင်မုန်းလဆန်း (၁၃) ရက် ညနေပိုင်းမှာတစ်ကြိမ်၊ အာရုဏ်ဆွမ်းလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နံနက်အာရုဏ်တက်မှာတစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ နေ့ခင်းပွဲမှာ ရပ်ကွက်များ၊ အစိုးရဋ္ဌာနများ၊ ဘာသာရေး လူမှုရေးအသင်းဖွဲ့များနှင့် လုပ်ငန်းရှင်များမှ ဘုရားတစ်ဆူကျစီကို ပူဇော်ပွဲမတိုင်ခင် ရက်ပိုင်းအလိုကပင် ယာယီစံကျောင်းများသို့ ပင့်ဆောင်ကြပါတယ်။ လှည့်လည်ရာတွင် ဘုရားများပင့်ဆောင်မည့်ကားများကို ပန်းချီဆေးရေးများ၊ မီးပန်းဆိုင်းများ၊ မြန်မာ့ရိုးရာအနုပညာလက်ရာများဖြင့် သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်အောင် အထူးထူးစီမံပူဇော်ကြပါတယ်။ လဆန်း(၁၃)ရက် ညနေချမ်းမှာတော့ နှစ်စဉ်ဗဟိုမဏ္ဍပ်တည်ရှိရာ လမ်းမကျယ်ထောင့်တွင် အခမ်းအနားဖြင့်စတင်ဖွင့်လှစ်ပြီး လမ်းမကျယ်လမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်းတို့မှ စတင်ကာ မြို့တွင်းသို့ ဒေသစာရီကြွချီပါတယ်။ ဗဟိုမဏပ်မှ ဘုရားများ ပူဇော်ရာတွင် ထူးခြားဆန်းကြယ်စွာ တန်ဆာဆင်နိုင်သော အဖွဲ့များအား ဗဟိုမဏ္ဍပ်မှ ဆုများချီးမြှင့်ပါတယ်။ ရွှေနှင်းဆီဆေးလိပ်ခုံ၊ ပညာရေးကောလိပ်ကျောင်းတို့ကတော့ ရှေ့ဆုံးဘုရားအမှတ်(၁) နှင့် (၂) တို့ကို မင်္ဂလာစည်တော်များဖြင့်လည်းကောင်း၊ ဒေဝါဝင်း ရာဇာဝင်း(မင်းခမ်းမင်းနား) ခင်း၍လည်းကောင်း ပင့်ဆောင်မြဲပါ။ အဲဒီနောက်မှာတော့ မြို့မဈေးကြီးမိသားစု၊ ဘုရင့်နောင်ဈေးမိသားစုနှင့် ရပ်ကွက်များမှ မင်းသားအက၊ ဦးရွှေရိုးအက၊ ကျွဲနှစ်ကောင်အက၊ လူရိုင်းအကအစရှိသောမြေဝိုင်းအကမျိုးစုံ၊ တရုတ်အမျိုးသားများရဲ့ ခြင်္သေ့ နဂါးအက၊ ဟိန္ဒူအဖွဲ့၊ ချစ်တီးယားအဖွဲ့ အစရှိသော ဘာသာရေး လူမှုရေးအသင်းအဖွဲ့အသီးသီးတို့မှ အတီးအမှုတ်အကအခုန်များဖြင့် လှည့်လည်ပင့်ဆောင်ကြပါတယ်။

To post Blog from email

5/20/08

အစောပိုင်းမှာတော့ ဘလောက်ကို လိုအပ်သလို ပြင်ဆင်ဖို့ အင်တာနက် လိုတာ မှန်ပေမယ့် နောက်ပိုင်း ပို့စ်တွေ တင်ဖို့ရာ အီးမေးလ် ရှိရုံနဲ့
ဖြစ်ပါတယ်။ အီးမေးလ်ကနေတဆင့် ဘလောက်ပို့စ် တင်နိုင်တဲ့ နည်းလမ်းကို နည်းနည်းပြောပြချင်ပါတယ်။

်
အီးမေးလ်ကနေတဆင့် ဘလောက်ပို့စ်တင်နိုင်ရန်

* Blogger ကိုဝင်ပြီးလျင် Settings ကနေတဆင့် Email tab ကို နှိပ်ပါ။


* အဲဒီမှာ Mail-to-Blogger Address ဆိုတာကိုရှာပါ။ အဲဒီမှာ အီးမေးလ် လိပ်စာတစ်ခုဖြည့်ဖို့ ကွက်လပ်တစ်ခု ပေးထားပါတယ် နမူနာအီးမေးလ်
လိပ်စာကတော့ username.secretword@blogger.com ဖြစ်ပါတယ်။ အရှေ့ဆုံးက မိမိရဲ့ (ဘလောက်ဂါကို login လုပ်စဉ်သုံးသော) အမည်၊ ပြီးလျင် အစက် (full stop) တစ်ခု ခံပြီး မိမိ နှစ်သက်ရာ လျှို့ဝှက် စကားလုံးတစ်ခု ဖြည့်စွက်ပါ။၊ ပြီးလျင် အခြား အီးမေးလ် လိပ်စာတွေလို @ သင်္ကေတခံပြီး blogger.com နဲ့ အဆုံးသတ်ပါတယ်။ ဒါဆို အီးမေးလ်ကနေတဆင့် ဘလောက်ကို ပို့စ်တင်လို့ ရပါပြီ။

* မိမိတင်လိုက်တဲ့ ပို့စ်ကို အင်တာနက်မှာ အလိုအလျောက် ပေါ်စေချင်တယ်ဆိုရင်တော့ publish ဆိုတဲ့ စကားလုံးနားက
လေးထောင့်ကွက်ကလေးကို အမှန်ခြစ်ပေးပါ။

အီးမေးလ်ဖြင့် ပေးပို့ခြင်း

* မိမိရေးလိုသော ပို့စ်ကို ရေးသားပါ။
* အီးမေးလ်၏ subject လိုင်းတွင်ရေးသော ခေါင်းစဉ်မှာ

မိမိပို့စ်၏ ခေါင်းစဉ်ဖြစ်သွားပါမည်။
* အထက်တွင် ပြင်ဆင်ထားခဲ့ပြီးသော အီးမေးလ် လိပ်စာသို့ အီးမေးလ် ပို့နေကျအတိုင်းပို့ပါ။
* မိမိ၏ပို့စ်မှာ ဘလောက်တွင် အလိုအလျောက် ပေါ်ပြီးသားဖြစ်နေပါမည်။

သတိပြုရန်

* လျှို့ဝှက် စကားလုံးက အခရာကျပါတယ်။ အခြားသူ တစ်ဦးဦးက ဒီလျှို့ဝှက်စာလုံးကို သိသွားရင် မိမိ အမည်ကို အလွဲသုံးစားလုပ်ပြီး ပို့စ်တင်လို့ ရပါတယ်။
* နောက်တစ်ချက်က တချို့ အီးမေးလ် တွေရဲ့ အောက်ဆုံးနားမှာ အလိုအလျောက် ထည့်သွင်းထားတဲ့ စကားစုများ (ဥပမာ - မိမိ၏ လိပ်စာ) ရှိတတ်ပါတယ်။ အဲဒီ စကားစုတွေဟာလည်း ဘလော့မှာ သွားရောက်ပေါ်နေပါမယ်။ ဒီလို မပေါ်စေချင်ရင်ဖြင့် မိမိ ရေးပြီးသားပို့စ် ရဲ့ အဆုံးမှာ #end ကိုဖြည့်စွက်ပေးလိုက်ပါ။ ဒါဆို ဘယ်နေရာမှာ အဆုံးသတ်ရမလဲ ဘလောက်ဂါက သိပြီပေါ့။

* အစုအဖွဲ့လိုက် ရေးသားသော ဘလောက်များ (joint-blog) တွင်လည်း ဤသို့ စီစဉ်ထားရှိနိုင်ပါသည်။ ဤအီးမေးလ် လိပ်စာသို့ ပို့သော စာတိုင်းမှာ မိမိအမည်ဖြင့် တင်သော ပို့စ်ဟု ပေါ်နေပေမည်။

* အီးမေးလ်ဖြင့် ဘလောက်ပို့စ်တင်ရာတွင် label များအလိုအလျောက်ထည့်သွင်း၍ မရပါ။ အင်တာနက် အသုံးပြုနိုင်သည့် အချိန်တွင်မှ Blogger တွင် သွားရောက်ပြင်ဆင် ထည့်သွင်းရပါမည်။

* မြန်မာစာ ဖြင့် ရေးသားမည် ဆိုပါက Word သို့မဟုတ် WordPad တွင် ရေးသားပြီးမှ ဖြတ်ညှပ်ကပ် (cut & paste) လုပ်ခြင်းက အီးမေးလ်ထဲတွင် တိုက်ရိုက် ရေးခြင်းထက် အဆင်ပြေပါသည်။

* နောက်ဆုံးပေါ် Microsoft Word 2007 တွင်မူ ၄င်း ပရိုဂရမ် အတွင်းမှ နေ၍ တိုက်ရိုက် ပို့စ်တင်လို့ ရအောင် စီစဉ်ထားပါသည်။

Secrets of Nokia

GSM ဖုန်းတွေထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ စက်တွေထဲကို လျှို့ဝှက်ကုဒ်တွေ ထည့်ထားတက်ကြပါတယ်။ လူသိအများဆုံးနဲ့
အသုံးအတဲ့ဆုံး ကုဒ်ကတော့ “*#06#” ပါပဲ။ အဲဒီကုဒ်ကို နှိပ်လိုက်ရင် IMEI လို့ခေါ်တဲ့ ဂဏန်း၁၅လုံးပါတဲ့ ဖုန်း အမှတ်စဉ်နံပါတ် ပေါ်လာပါလိမ့်မယ်။ အဲဒီ နံပါတ်တွေဟာ တစ်လုံး နဲ့ တစ်လုံး မတူအောင် သတ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် ဆိုရရင်
အဲဒီနံပါတ်တွေဟာ သက်ဆိုင်ရာဟန်းဆက်ရဲ့ ကိုယ်ပိုင်နံပါတ်တွေပါပဲ အကယ်၍ သင်ဟာ သင့်ဟန်းဆက် ခိုးယူခံခဲ့ရရင် ၄င်းရဲ့ IMEI
နံပါတ်ကို မှတ်မိမယ်ဆိုရင် ရဲကိုအကြောင်းကြားခြင်းအားဖြင့် သင့်စက်ကို ပြန်လည်ခြေရာခံလို့ ရနိုင်ပါတယ်။ ခိုးယူသွားသူဟာ သူရဲ့
ကိုယ်ပိုင် ကဒ်ကို ထည့်လင့်ကစား သက်ဆိုင်တယ်လီဖုန်းကုမ္ပဏီဟာ ဟန်းဆက်ရဲ့ IMEI ကို ခြေရာခံပြီး အဲဒီစက်ကို ဘယ်သူ သုံးနေ
လဲဆိုတာ သိနိုင်ပါတယ်။ နောက်ထက်အသုံးတဲ့ ကုဒ်တစ်ခုကတော့ “*#92702689#” ပါပဲ။ အဲဒီကုဒ်ကို ရိုက်ထဲ့လိုက်ရင် အဲဒီဖုန်းရဲ့
ပြောခဲ့သမျှ အ၀င်အထွက်စုစုပေါင်းအချိန်ကိုပြပါတယ်။ ဒီနည်းအားဖြင့် အဲဒီစက်ဟာ ဘယ်လောက်သုံးထားသလဲဆိုတာ သိနိုင်ပါတယ်။