မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


Showing posts with label Taungoo. Show all posts
Showing posts with label Taungoo. Show all posts

တောင်ငူ နှစ်ကျိပ်ရှစ်ဆူပွဲ (အပိုင်း-၂၊ ဆောင်းဂီတညလေးတစ်ည)

5/29/08

သစ်ထုတ်၊ ဆောက်လုပ်ရေး၊ ရပ်ကွက်(၁၆)၊ ရပ်ကွက် (၁၇)နှင့် ကြယ်နီဆေးပေါ့လိပ် အဖွဲ့များကတော့ အမှတ်စဉ်နောက်ပိုင်းမှ ဘုရားများအားပင့်ဆောင်ပူဇော်ကာ ရန်ကုန်မှ နာမည်ကြီးတီးဝိုင်းနှင့် နာမည်ကြီးတေးသံရှင်များ၊ မြို့ခံတီးဝိုင်းများနှင့်တေးသံရှင်များ၊ မြန်မာသံတီးဝိုင်းများဖြင့် ညဦးပိုင်းမှ စတင်ကာ နောက်တစ်နေ့နံနက်ထိ ညလုံးပေါက် သီဆိုဖျော်ဖြေကြပါတယ်။ နှစ်သက်ရာ တီးဝိုင်းနောက်ကို လိုက်ပါအားပေးကြတဲ့ ပရိတ်သတ်တွေဟာ တစ်မြို့လုံးအနှံ့ စည်ကားလှပါတယ်။ ညလုံးပေါက် လိုက်ကြည့်တဲ့ပရိတ်သတ်တွေ အတွက်ဗိုက်ဆာရင် မပူရပါဘူး။ အကြော်စုံ၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းကျည်တောက် (ခဲတံဝါး)၊ တောင်ငူမုန့်ဟင်းခါးဟင်းရည်ကျဲ၊ ရန်ကုန်မုန့်ဟင်းခါး၊ လက်ဖက်ရည်ဆိုင်တွေ စသည်ဖြင့် ဒီတစ်ရက်စာအတွက် မနက်ကတည်းက နေရာတွေဦးပြီး တစ်ညလုံးရောင်းတဲ့ ဆိုင်တွေက အမယ်စုံလှပါတယ်။ ကျွန်တော်တို့ငယ်တုန်းကတော့ အိမ်ရှေ့ကားဖြတ်တဲ့အချိန် လူကြီးတွေနှိုးမှ အိပ်ယာက လူးလဲထကြည့်ရပါတယ်။ မနက်စောစော တီးဝိုင်းတွေပြန်မသိမ်းခင်ကိုလည်း အဖေက လိုက်ပြပါသေးတယ်။ အရွယ်လေးရောက်လာတော့ ကိုယ်နားထောင်ချင်တဲ့ အဆိုတော်ပါတဲ့ကား အိမ်နားလာရင် လိုက်နားထောင်တယ်။ ဗိုက်ဆာရင် မုန့်ထွက်စားတယ်။ အိမ်နဲ့ နည်းနည်းလှမ်းသွားရင်တော့ ဆက်မလိုက်တော့ပဲ အိမ်ပြန်ပြီး အိမ်ပေါ်ထပ်ရှေ့က ပြတင်းပေါက်တွေကိုဖွင့် ဖျာလေးခင်း၊ ခေါင်းအုံးလေးချ၊ ရေနွေးအိုးလေးဘေးမှာအဆင်သင့်ထားပြီး အင်မတန် ဇိမ်ကျတာပေါ့။ အိမ်နဲ့နီးတော့ ဗဟိုမဏ္ဍပ်ဖက်က အသံတွေကိုလည်း တစ်စွန်းတစ်စ ကြားရသေးတယ်။ ဆောင်းလေလေးကအေးအေး အိပ်တဝက် နိုးတဝက်နဲ့ လမ်းပေါ်ကလူတွေက ဗဟိုမဏ္ဍပ် (အဆိုတော် ဦးမောင်မောင်လွင်(ခ) ရင်ဂို၊ ကျားပေါက် (ခ) ဟန်ထူးလွင် တို့ရဲ့ အိမ်ရှေ့နား၊ ငြိမ်းချမ်းရေးစာပေရှေ့) ကို ဘယ်ကားသွားနေပြီဟေ့ဆို ပြေးကြည့်လိုက်၊ ပြီးတရေးပြန်အိပ်လိုက်နဲ့ပဲ မိုးလင်းသွားပါတော့တယ်။ အဲဒီနေ့ တစ်နေကုန်တော့ အိပ်ရေးဝအောင်အိပ်ပြီး အားမွေးထားပေဦးတော့။ ညကျရင် အရုဏ်ဆွမ်းခံလိုက်ရဦးမယ်လေ။ နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၃) ရက် ညတိုင်း ကျွန်တော်တို့တောင်ငူမြို့လေးဟာ ဆောင်းဂီတညလေးတစ်ညကို ပိုင်ဆိုင်မြဲပါ။

တောင်ငူက Cyber shop များ

5/22/08

ကျွန်တော်တို့တောင်ငူမှာအခုဆိုရင် cyber shop ၄ ခုရှိသွားပါပြီ။
လူကြီးမင်းတို့ တောင်ငူကိုရောက်ရင် အင်တာနက်အသုံးပြုလို့ရအောင် ကျွန်တော်ပြောပြချင်ပါတယ်။
1.Netstar (လိပ်စာကတော့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ သူနာပြုသင်တန်းကျောင်းရှေ့)
2.Century (လိပ်စာကတော့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ ဆက်သွယ်ရေးရုံးရှေ့)
3. Harmony (လိပ်စာကတော့ ဦးပန်းဖြူလမ်းက Harmony Snack Bar မှာ)
4. စိတ္တသုခ (လိပ်စာကတော့ တောင်ငူမြို့တွင်းက ကုန်သည်ကြီးလမ်း၊ စိတ္တသုခ ဆေးဆိုင်မှာ)

တောင်ငူ နှစ်ကျိပ်ရှစ်ဆူပွဲ (အပိုင်း-၁၊ အစဉ်လာမပျက်ပူဇော်)

5/21/08

တောင်ငူနှစ်ကျိပ်ရှစ်ဆူပွဲတော်ဟာ ယခုနှစ်တွေမှာ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲလောက် မစည်ကားတော့ပေမယ့် နှစ်စဉ်မပျက်မကွက် ကျင်းပပူဇော်မြဲပါ။ တောင်ငူမှာ ရွှေဆံတော်ဘုရား၊ မြစည်းခုံဘုရား၊ ကောင်းမှုတော်ဘုရား၊ နဂါးရုံဘုရား၊ ကေလဇာတီဘုရား နှင့် မြတ်စောညီနောင်ဘုရားများ စသော ထင်ရှားတဲ့ ဘုရားများစွာတည်ထားကိုးကွယ်ကြပါတယ်။ ယခုနှစ်ကျိပ်ရှစ်ဆူပွဲတော်ဟာ ကေလဇာတီဘုရားမှာ ကိန်းဝပ်စံပယ်တော်မူသည့် နှစ်ကျိပ်ရှစ်ဆူကုန်သောမြတ်စွာဘုရားများ မြို့တွင်းသို့ ဒေသစာရီကြွချီရာမှာ တောင်ငူမြို့ပေါ်သာမက အနီးနားမြို့ရွာများမှပါမကျန် လာရာက်ဖူးမြှော်ကြလို့ အင်မတန်စည်ကားလှပါတယ်။ နှစ်စဉ်လှည့်လည်အပူဇော်ခံရာမှာ နေ့ခင်းပိုင်းဒေသစာရီကြွချီ်ပွဲကို တန်ဆောင်မုန်းလဆန်း (၁၃) ရက် ညနေပိုင်းမှာတစ်ကြိမ်၊ အာရုဏ်ဆွမ်းလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နံနက်အာရုဏ်တက်မှာတစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ နေ့ခင်းပွဲမှာ ရပ်ကွက်များ၊ အစိုးရဋ္ဌာနများ၊ ဘာသာရေး လူမှုရေးအသင်းဖွဲ့များနှင့် လုပ်ငန်းရှင်များမှ ဘုရားတစ်ဆူကျစီကို ပူဇော်ပွဲမတိုင်ခင် ရက်ပိုင်းအလိုကပင် ယာယီစံကျောင်းများသို့ ပင့်ဆောင်ကြပါတယ်။ လှည့်လည်ရာတွင် ဘုရားများပင့်ဆောင်မည့်ကားများကို ပန်းချီဆေးရေးများ၊ မီးပန်းဆိုင်းများ၊ မြန်မာ့ရိုးရာအနုပညာလက်ရာများဖြင့် သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်အောင် အထူးထူးစီမံပူဇော်ကြပါတယ်။ လဆန်း(၁၃)ရက် ညနေချမ်းမှာတော့ နှစ်စဉ်ဗဟိုမဏ္ဍပ်တည်ရှိရာ လမ်းမကျယ်ထောင့်တွင် အခမ်းအနားဖြင့်စတင်ဖွင့်လှစ်ပြီး လမ်းမကျယ်လမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်းတို့မှ စတင်ကာ မြို့တွင်းသို့ ဒေသစာရီကြွချီပါတယ်။ ဗဟိုမဏပ်မှ ဘုရားများ ပူဇော်ရာတွင် ထူးခြားဆန်းကြယ်စွာ တန်ဆာဆင်နိုင်သော အဖွဲ့များအား ဗဟိုမဏ္ဍပ်မှ ဆုများချီးမြှင့်ပါတယ်။ ရွှေနှင်းဆီဆေးလိပ်ခုံ၊ ပညာရေးကောလိပ်ကျောင်းတို့ကတော့ ရှေ့ဆုံးဘုရားအမှတ်(၁) နှင့် (၂) တို့ကို မင်္ဂလာစည်တော်များဖြင့်လည်းကောင်း၊ ဒေဝါဝင်း ရာဇာဝင်း(မင်းခမ်းမင်းနား) ခင်း၍လည်းကောင်း ပင့်ဆောင်မြဲပါ။ အဲဒီနောက်မှာတော့ မြို့မဈေးကြီးမိသားစု၊ ဘုရင့်နောင်ဈေးမိသားစုနှင့် ရပ်ကွက်များမှ မင်းသားအက၊ ဦးရွှေရိုးအက၊ ကျွဲနှစ်ကောင်အက၊ လူရိုင်းအကအစရှိသောမြေဝိုင်းအကမျိုးစုံ၊ တရုတ်အမျိုးသားများရဲ့ ခြင်္သေ့ နဂါးအက၊ ဟိန္ဒူအဖွဲ့၊ ချစ်တီးယားအဖွဲ့ အစရှိသော ဘာသာရေး လူမှုရေးအသင်းအဖွဲ့အသီးသီးတို့မှ အတီးအမှုတ်အကအခုန်များဖြင့် လှည့်လည်ပင့်ဆောင်ကြပါတယ်။

တောင်ငူကပုံများ

4/5/08

တောင်ငူပုံတွေကိုတင်ပါ့မယ်။ အခုလိုပုံတွေ စုဆောင်းရိုက်ကူးထားတဲ့အတွက် ကိုတရုတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။

အပေါ်ကပုံနှစ်ပုံကတော့ တောင်ငူမြို့မှကြိုဆိုနေတဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးလမ်းပေါ်မှ မန္တလေးဘက်မှအလာ တောင်ငူမြို့အ၀င်ဖြစ်ပါတယ်။




ဒါကတော့ မြို့ကိုဝင်ပါပြီ ...... (မန္တလေးဘက်မှ အလာမြင်ကွင်းပဲ ဖြစ်ပါတယ်)


တောင်ငူသမိုင်းအကျဉ်းနဲ့မင်းဆက်များ

4/3/08

တောင်ငူသမိုင်းအကျဉ်းနဲ့မင်းဆက်များ

မင်္ဂလာပါ.....
တောင်ငူဘလော့တစ်ခုအဖြစ်တည်ဆောက်ထားပြီး အခြေအနေအရပ်ရပ်ကြောင့် တောင်ငူအကြောင်းတွေကို မတင်ပြနိုင်တာ ကျွန်တော်တို့အနေနဲ့အလုပ်ကလေးတွေ မအားလပ်ကြလို့ပါ။
တောင်ငူဟာ ဒုတိယမြန်မာနိုင်ငံကိုစတင်မွေးဖွါးရာလို့ သမုတ်ကြပါတယ်။ ဒီ့အတွက် တောင်ငူမြို့ပတ်လည်မှာ အတိတ်ရဲ့ရှေးဟောင်းအမွေအနှစ်အနည်းငယ်ကျန်ခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိမှာလည်း သမိုင်းသုတေသီ၊ မြန်မာစာသုသေတီများကလည်း ဟိုဖွေဒီရှာနဲ့ တော်တော်လေးကိုစုဆောင်းမိတာတွေရှိပါတယ်။ ဒီအကြောင်းတွေကို ရေးသားဖို့အတွက် သက်ဆိုင်ရာပညာရှင်များကိုလည်း အကူအညီတောင်းထားပါတယ်။ ပထမဦးစွာ တင်ပြမယ့်စာကတော့ “တောင်ငူသမိုင်းအကျဉ်းနဲ့မင်းဆက်များ” ပဲဖြစ်ပါတယ်။ ထုတ်နှုတ်မှုကတော့ ကျွန်တော်ဂျီတီစီတက်တုန်းက ပါဝင်လှုပ်ရှားကမကထလုပ်ခဲ့ရတဲ့ "Student's Review" စာစောင်ထဲကပဲဖြစ်ပါတယ်။ ဒီစာစောင်ထဲမှာ ကျောင်းကဆရာတစ်ယောက်ကနေပြီး ရေးသားထားတဲ့ ဆောင်းပါးကို ပြန်လည်ထုတ်နှုတ်ခြင်းပဲ ဖြစ်ပါတယ်။ ကလောင်ရှင်နံမည်ကတော့ “ကောင်းထက်လွင်”ပါ။ မူရင်းအရေးမှာ အင်္ဂလိပ်ဘာသာသာဖြစ်ပါသဖြင့် ၄င်းအတိုင်းပဲ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

''A Short History of Toungoo and Its Kings''

Toungoo is said to have been built by Thawonyinaung (Thawon brogthers) .It began with Thawonlyetyar, the grandson of Anandathuriya of Bagan. Ananda-thuriya was Yanmanngahtwe, the hero of Bagan who killed the crocodile during the reign of king Narapatisithu. He was given the title of Anandathuriya .Thawonlyetyar and his father Minhlasaw, who was the son of Anandathuriya, built a village called Kabarmyint, which was near Swa Chaung. Thawonlyetyar was the head of Kabarmyint. He was captured by the Mons under the leadership of Wariyu ( Ma-gadu).They took him in prison at Pyu village now known as Phyu Myo.Before he died, he told his sons (Thawon borthers) about a city near Swa chaung.The two brothers dicovered a new land near Kaboung chaung. They thought it was their father's old city. They built Toungoonge and organized a man named Kayinba, who was given the title of Htaunghmu ( a thousand men's ruler). Toungnge was near Kyetyopin village. Then, they founded Toungoogyi with the help of Kayinba. Mingyi Nyo was the famous king of Toungoo.He built a new city called Kaytumadi (Toungoo). His son ascended the throne of Toungoo. He was Tabinshwehti who moved the capital to Hanthawadi ( Bago). Minyethinlchathu became the governor of Toungoo. He was the father of Bayint-naung. After the death of Tabishwehti, Bayintnaung became the founder of the Second Myanmar Empire. When Minkhaung, the brother of Bagyintnaung, became the governor of Toungoo, he built a pagoda called the Shwesandaw. The Myasigon was built by Minyethinkathu. Minyethihathu, the father of Natshinnaung asconded the throne of Toungoo after his father Minkhaung's death. Natshinnaung was the famous writer of 'Yatu' and he was also the king of Toungoo.His queen was Dartukalyar, who was the daughter of Bayintnaung. The kings who ruled Toungoo are:

1. Thawongyi Min Myanmar Era 644-679
2. his brother Thawonnge 679-686
3. Saw Hnit ( Son of Thawonnge) 686-687
4. Htaunghmu Kayinba 687-704
5. Latyar Sekyar (Son -in- Law of Kayinba) 704-706
6.Htaukhlekha ( brother of Latyar-706-708 Sekyar)
7.Theingapar Min 708-7298.his son Pyanchigyi 729-727
9.Myosank Talaingmasein 737 ( only seven moths)
10.Pyanchinge(Son Pyanchigyi) 737-741
11.Sokekatae(brother-in -law of Pyanc-hinge) 741-745
12.Min Phaungkar 745-759
13.his son Min Sawoo 759-761
14.Min Nemi 761-770
15.Min Latyar 770-773
16.Sakuthinkhaya 773-777
17.his son Thinkhayarnge 777-780
18.Pantaung Min 781-783
19.Salu Thinkhayar 783-797
20.Ohuzanar 797-798
21.Min Sawoo (Son of Sawlu 798-804 Thinkyayar)
22.Min Taraphyar 804-807
23.his son Minkhaungnge 807-813
24.Minngakyawhtin 813-821
25.Mingyi Zeyathu 821-828
26.Myehtae Minpway Min 828-832
27.Sithu Kyawhtin 832-843
28.his son Mingyi Sithu 843-847 Kaythumadi Dynasty
29. Mingyi Nyo 847-892
30.his son Tabinshwehti 892-902
31.Minyethinkhathu(father of 902-946 Bayintnaung )
32.his son King Minkhaung 910-946
33.his son Minyethihethu 946-971 ( father of Natshinnaung )
34.his son Natshinnaung 971-974


Kaung Htat Lwin
(U Zaw Min)
Instructor (English)
Government Technical University
Taungoo
စာကြွင်း ။ ဤစာမူဖြစ်ပေါ်လာစေရန် ကြိုးစားပေးသော ဆရာဦးဇော်မင်းအား အမှတ်တရဖြင့် ကန်တော့ပါရစေ။

ပါဝင်စေချင်

3/18/08

ဟုတ်ကဲ့.....
ကျွန်တော်တို့တောင်ငူအမှတ်တရ ဘလော့ကလေးကို တောင်ငူမြို့ခံဘလော့ဂ်ဂါတွေ၊ တောင်ငူမြို့ရှိ စိတ်ဝင်စားသူတွေ၊ တောင်ငူနဲ့ဆက်သွယ်ဖူးတဲ့ သူငယ်ချင်းတွေကိုပါဝင်ပူးပေါင်းစေလိုပါတယ်။
အခုဆို တောင်ငူမြို့ဟာ သက်တမ်း နှစ် ၅၀၀ ပြည့်တိုင်အောင်ရောက်ရှိပါပြီ။ ဒီ့ထက်ရနိုင်မယ့် တောင်ငူမြို့ရှိ ဘုရားသမိုင်းတွေ၊ သမိုင်းဝင်အဖြစ်အပျက်တွေကို စုံစုံလင်လင်ရရှိစေနိုင်ရန်အတွက် သူငယ်ချင်း၊ မိတ်သင်္ဂဟအပေါင်းက ၀ိုင်းဝန်းပြောပြတင်ဆက်စေလိုပါတယ်။ ဒါကြောင့် ပါဝင်ပူးပေါင်းကြဖို့ နိုးဆော်ပါတယ်ခင်ဗျာ။

Contact us!

3/17/08

Why Taungoocity blog born
One day our tiny blogger team from Taungoo met at a shop as usual and had a decision to settle site about "Taungoo" - our city.
We aim to build the site but for now we can start only blog for Taungoo city. So the blog come out here.
***********************
Contact us!
We want to grow the Taungoo team more than even so we would like to offer the author and the other contributors via online and offline.
Thus please mail to the www.taungoo.net@gmail.com if you have any idea about Taungoo or if you are the person from Taungoo or if Taungoo is your favorite city or if you are Taungoo thar (တောင်ငူသား).
***********************

Taungoo - Toungoo - Taungngu

Taungoo
Taungoo (Burmese: တောင်ငူမြို့ ; MLCTS: taung ngu mrui., also known as Toungoo) is a city in the Bago Division of Myanmar, located 220 km from Yangon, towards the northern end of the division, with mountain ranges to both east and west. The main industry is in forestry products, with teak and other hardwoods extracted from the mountains. The city is also known for its areca palms, to the extent that a Burmese proverb for unexpected good fortune is equated to a "betel lover winning a trip to Taungoo".