သူမကို မှတ်မှတ်ထင်ထင်တွေ့လိုက်ရတယ် ......သန်လျင်တံတားပေါ်က ဖရိန်တန်းတွေလိုလို ကွေးကွေးလေးနဲ့ စင်းနေတဲ့ သူမရဲ့ မျက်ခုံးတစ်ရှည်.....
စက်မှု(၁)က ထုတ်တဲ့ ကြွေရည်သုတ် လင်ပန်းတွေလို ၀ိုင်းစက်ကျယ်ပြန့်တဲ့မျက်ဝန်းတစ်စုံ......
တစ်မြန်နေ့က ကျန်တဲ့ အီကြာကွေးကိုနှစ်ပြန်ကြော်ထားသလို မာတင်းတင်းနှုတ်ခမ်းနှစ်လွှာရယ်......ပြီးတော့...
ကိုရီးယားဇာတ်လမ်းတွဲထဲက ချန်ဂင်လို ဂါဝင်ကြီးနဲ့........
အဲဒါတွေအားလုံး ရင်ထဲကို အကုန်ရောက်သွားရော.....မျက်လုံးအစုံက တင်ပဆုံ....အဲလေ...
မျက်လုံးအစုံက တစ်ဆင့် ဒီရင်အစုံသို့ ကြင်ရုံကလေးနဲ......ရင်ခုန်သံတွေက ပလုံစီသွားရောပေါ့....
ရှင်ဂွမ်းဂွိရယ် ............
SHE IS FROM HEADMISTRESS OF UCST. HEHE :p( PYAN MA TINE PYAW KYA PAR NAE NAW)
တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။ |
ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ် |
သို့ ..ရှင်ဂွမ်းဂွိ
4/1/08
ခေါင်းစဉ် - ပေါ့ပေါ့ပါးပါး
မိန်းမတွေရဲ့စိတ် ဘယ်နစ်မျိုးရှိသလဲ။
လူတွေက ပြောကြတယ် မိန်းမစိတ်ဟာ အမျိုးမျိုးရှိကြပါသတဲ့။ အဲဒီလိုပဲ ဆရာကြီး ပီမိုးနင်းကလည်း ပြောပါသေးတယ်...ဘာတဲ့ ..သြော်.... စိန်ကဲ ရွှေကဲ ထိုနှစ်ကဲထက် မိန်းမစိတ်ကဲ လွန်ခက်ခဲ၏ တဲ့...... ဟုတ်တော့ဟုတ်မှာပါ။
ဒါပေမဲ့ သေသေချာချာ စေ့စပ် ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင်တော့ မိန်းမစိတ်ဆိုတာ နှစ်မျိုးနှစ်စားပဲရှိပါတယ်။ ဒါကို သေသေချာချာသဘောပေါက်မိမယ်ဆိုရင်၊ သဘောသဘာဝကို နားလည်မယ်ဆိုရင်တော့ သင်ဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်မှာတော့ အသေအချာပါပဲနော့။
သေသေချာချာမှတ်ထားနော်..... မိန်းမစိတ်ဆိုတာ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ....နှစ်မျိုးပဲတဲ့ နော့် ........
ခေါင်းစဉ် - ပေါ့ပေါ့ပါးပါး