မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


Showing posts with label Software Download. Show all posts
Showing posts with label Software Download. Show all posts

XoftSpy SE

5/18/08

ကျွန်တော်နဲ့စပိုင်ဝဲများ

ကွန်ပျူတာလောကရောက်လာရင် ကွန်ပျူတာဘာလဲဆိုတာကိုသိရမယ်

သိပါတယ်ဗျာ .. ကွန်ပျူတာဆိုတာ တီဗွီလိုမျိုးရုပ်မြင်ဖန်သားပြင်ပါတာတစ်ခု (ခုနောက်ပိုင်း ခေတ်မီလာတော့ ဖလက်တွေ ဖိနပ်တွေနဲ့ LCDတွေနဲ့) လေးထောင့်ပုံးတစ်ခု (အဲ့အထဲမှာ စီဒီပြားထည့်ပြီး သီချင်းနားထောင်လို့ ရတယ်လေ) ခလုတ်လေးတွေပါတဲ့ အပြားတစ်ခုနဲ့ လက်နဲ့အုပ်ပြီး ဟိုထိုး ဒီထိုး ဟိုတတောက်တောက် ဒီတတောက်တောက်လုပ်လို့ရတဲ့ဟာတစ်ခု ... ကဲ.. အဲ့ဒါ ကွန်ပျူတာမည်တယ်မှတ်လား....

မှတ်သားလောက်ပါတယ် .. ဥာဏ်ကြီးရှင်ရယ်.. ကွန်ပျူတာဆိုမှတော့ ကွန်ပျူတာပေါ့ဟဲ့ (ဆိုပြီး ဘဘုန်းကြီး လက်စွမ်းပြသလို ခေါင်းပေါက်ကို ဒေါက်ခနဲ ပူဆင်းသွားလေရဲ့)


ကျွန်တော်ဆိုလိုချင်တာက ကွန်ပျူတာအကြောင်းဆိုတာ ဟာ့ဒ်ဝဲလေးဟိုစပ်စပ်၊ ဆော့ဖ်ဝဲလေးဒီစပ်စပ် သိထားရင် ပိုကောင်းပါတယ်လို့။

ကဲအခုတော့ ဗိုင်းရပ်စ်ဆိုတာလဲပေါ်လာရဲ့ .. ထရိုဂျန်ဆိုတာလဲ ထွက်လာရဲ့ .. ပြီးတော့ စပိုင်တွေတဲ့...

စပိုင်ဆိုတာနဲ့ ကျွန်တော့်မျက်လုံးထဲမှာ ဒဘယ်အိုဆဲဗန်း (007) James Bond ကိုပြေးမြင်မိတယ်.. ဂျိမ်းစဘွန်းနဲ့ အတူ မစ္စတာဘင်း ရိုက်ထားတဲ့ Johnny English ကိုလည်း တဆက်တည်းပြေးမြင်မိတယ်..

စပိုင်ဆိုတာမျိုးက ကိုယ့်လူသူ့ဘက်သားတမျိုး သဏ္ဍာန်ပါပဲ။ ကိုယ့်နယ်ထဲရောက်နေတဲ့ သူများရဲ့လူယုံတော်ပေါ့။ ဒီတော့ ကိုယ့်ကွန်ပျူတာထဲမှာလည်း စပိုင်ရောက်နေတယ်ဆို ကိုယ့်ရဲ့ကိုယ်ရေး ကိုယ်တာကိစ္စတွေ၊ ကိုယ်ရေးအချက်အလက်တွေ ခိုးတော့မယ်ပေါ့။ ကိုယ့်ကွန်ပျူတာထဲ စပိုင်ရောက်လာရင် ကွန်ပျူတာထဲမှာသူမွှေတော့မယ်။ သူမွှေပြီဆိုကတည်းကိုက သူ့ကိုရေးထားတဲ့ code (ဒါမှမဟုတ်) program language တွေက အလုပ်လုပ်ပြီ။ လုပ်တဲ့အတွက် ကိုယ့်ကွန်ပျူတာရဲ့ စီပီယူကို ယူသုံးနေတာ.. အဲ့ဒါကြောင့် တခြားလုပ်ရမယ့်အလုပ်တွေ နှောင့်နှေးတာတွေ၊ လေးကွေးတာတွေ၊ နောက်ဆုံး စက်ဟမ်း (စက်ရပ်) သွားတာ တွေကြုံရမယ်။ သူစပိုင်လုပ်တာ အောင်မြင်သွားရင် ကိုယ့်စက်ထဲက ဥ, ထားတဲ့ ဖိုင်လေးတွေ၊ ဒေတာလေးတွေ ကို သူသိသွားတော့မယ် (ဒီနေရာမှာ ကိုယ့်ဖိုင်တွေ ပျောက်သွား၊ ပျက်စီးသွားတာမျိုးမဟုတ်ပါဘူး.. worm တို့ virus တို့နဲ့ ကွာပါတယ်)

ဒီလိုနဲ့ပဲ...........................................

ဒါကြောင့် ဒီစပိုင်ငတိ ဒဘယ်အိုဆဲဗန်းတွေကို ရှာဖို့ သိဖို့ မှန်ဘီလူးကောင်းကောင်းတစ်လက်လိုလာပြီ။
Anti-Spyware ပါ။ တန်ပြန်တဲ့ ရှာဖွေရေးကို ဆင်းပေးမယ့် ဆော့ဖ်ဝဲ။ စပိုင်တွေက ဖိုင်တွေကို လိုက်ရှာတယ်။ အန်တီစပိုင်ဝဲလ်က စပိုင်တွေကိုလိုက်ရှာတယ်။

အန်တီစပိုင်ဝဲလ်တွေ အများကြီးရှိတဲ့အထဲက ကျွန်တော်အခုသုံးနေတာကတော့ XoftSpy SE 4.33 ပါပဲ..
အဲ့ဒါလေးကို ဒေါင်းဖို့အောက်မှာ လင့်ပေးထားပါတယ်။ ကရက်လုပ်ဖို့ပါ တစ်ခါတည်းထည့်သွင်းထားတဲ့ .RAR ဖိုင်ပါ။
Click to Download XoftSpy SE 4.33

2008 Antivirus Reviews and KAV7

5/16/08

မင်္ဂလာပါ။
ကျွန်တော်တို့ Anti-virus ဆိုတာတွေအကြောင်းမပြောခင် Virus အကြောင်းကို နည်းနည်းလောက်ဆွေးနွေး ကြည့်ရအောင်။

Virus (Computer Virus) ဆိုတာကတော့ ကွန်ပျူတာပရိုဂရမ်တစ်မျိုးပါပဲ။ သူ့ဘာသာသူပွါးနိုင်တယ်။ ကွန်ပျူတာအသုံးပြုသူ (user) တောင်မှ မသိစေနိုင်ပဲ ခွင့်ပြုချက်မရှိ၊ ရည်ရွယ်ရိုးထုံးစံမရှိဘဲ ကွန်ပျူတာကို ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ ပရိုဂရမ် (ဒါမှမဟုတ်) Programming Code ပဲဖြစ်ပါတယ်။ Virus ရဲ့ မူကွဲတွေကတော့ Malware နဲ့ adware programs တွေပဲဖြစ်ပါတယ်။ Virus ရဲ့ပြန့်ပွါးမှုကတော့ ကူးစက်ခံထားရတဲ့ ကွန်ပျူတာမှ နောက်ကွန်ပျူတာတစ်လုံးဆီကို အင်တာနက်ကွန်ယက်ပေါ်ကဖြစ်ဖြစ်၊ USB ခေါ် Memory Stick နဲ့ Floppy Disk တွေကတဆင့်ပဲဖြစ်ဖြစ် ပျံ့ပွါးနိုင်ပါတယ်။

မူလဖြစ်ပေါ်လာတဲ့ဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးပွါး(virus copies)တွေကို ကြီးထွားလာအောင် ပြုစုပျိုးထောင်ပေးနိုင်သလိုပဲ မျိုးပွါးတွေကလည်း သူတို့ကိုယ်သူတို့ သန်မာလာအောင် ဖျက်ဆီးနိုင်စွမ်း မြင့်မားလာအောင် ဆောင်ရွက်နိုင်ကြပါတယ်။ အဲ့ဒါကို Metamorphic Virus (In computer virus terms, metamorphic code is code that can reprogram itself. Often, it does this by translating its own code into a temporary representation, edit the temporary representation of itself, and then write itself back to normal code again.) လိုရေးသားသတ်မှတ်ကြပါတယ်။

ဗိုင်းရပ်စ်တွေကို တခါတလေမှာ Trojan တို့ worms တို့နဲ့ မှားတတ်ပါသေးတယ်။ (ကျွန်တော်လည်း အပါအ၀င်ပါ) ။ ဗိုင်းရပ်စ်ပျံ့ပွါးဖို့ရာ ကြားအကူပစ္စည်းလိုပေမယ့် worm တွေပွါးဖို့အတွက် ကြားက (အင်တာနက် ချိတ်ဆက်မှုတို့ USB stick တို့) အကူအညီတွေ မလိုပါဘူး။ သူ့ဟာသူပျံ့ပွါးတာပါ။ Trojan ကတော့ မခုတ်တတ်တဲ့ကြောင်သဖွယ် အန္တရာယ်မပေးနိုင်ဘူးလို့ထင်ရတဲ့ ဖိုင်ကလေးတစ်ခုအနေနဲ့ ရောက်နေတာပါ။ ယေဘုယျအားဖြင့်တော့ worm က အန္တရာယ်သိပ်မရှိလှပါဘူး။ Trojan File ကသာ သွားဖြေလိုက်ရင် အရှုပ်တွေထွက်ကျလာတာပါ။ (ေယဘုယ်ပါခင္ဗ်ာ ေယဘုယ်ပါ)

ဒါ့ကြောင့် လူကြီးသူမတွေပြောနေကြတာ တွေ့ကရာလျှောက်မလှန်ကြပါနဲ့လို့။ အင်တာနက်မှာ ကိုယ်မသိတဲ့ လူတွေဆီကဖြစ်ဖြစ်(ကိုယ်သိတဲ့လူတွေဆီကလဲ ယောယောင်ပြီးပါလာတတ်ပါတယ်)၊ ကိုယ်ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ၀က်ဆိုဒ်ကပဲဖြစ်ဖြစ် ဖိုင်တွေဒေါင်းတာတို့၊ ဒေါင်းတဲ့ဖိုင်တွေကို ဖြည်ပြီးကြည့်တာတို့တွေကို အရမ်းကာရောမလုပ်ကြပါနဲ့လို့။ (အထူးသဖြင့် Screen Saver တို့ လူကြိုက်များမယ့် ဗွီဒီယိုတို့ ပုံတို့မှာ လွယ်လွယ်နဲ့ ပေါပေါ ဗိုင်းရပ်စ်တွေကို ရနိုင်ပါတယ်) ယခုကာလမှာ ဗိုင်းရပ်စ်၊ ထရိုဂျန် စတဲ့ အဖျက်တွေဟာ ပုံစံအမျိုးမျိုး အနေအထားအမျိုးမျိုးနဲ့ အင်တာနက်ပေါ်မှာကော USB နဲ့ တချို့သောကွန်ပျူတာတွေထဲမှာ ရှိနေကြပါသေးတယ်။ အဲ့ဒီတော့ အဲ့ဒါတွေကို ဘယ်လိုရှင်းကြမလဲ။ ဗိုင်းရပ်စ်တွေ သတ်ဖို့၊ ရှင်းဖို့အတွက်ကတော့ ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံးစာရင်းဝင်ခဲ့တဲ့ Kaspersky Anti Virus ဟာ မြန်မာနိုင်ငံမှာ (တခြားမှာတော့ မသိဘူး) ရေပန်းစားနေပါတယ်။ KAV ဟာ ငွေတံဆိပ်ချိတ်ခဲ့တာပါ။ ရွှေကတော့ Bit Defender ရသွားပါတယ်။



ကျွန်တော်တော့ လောလောဆယ်မှာ KAV 7.0.0.125 ကိုသုံးနေရပါတယ်။ ကျွန်တော် အပ်လုဒ်ပြန်တင်ပေးထားပါတယ်။
Kaspersky Antivirus 7

အပေါ်ကဟာက အင်စတော်လာဖိုင်ပါ။ zip ဖိုင်အနေနဲ့တင်ထားတာပါ။ ဒေါင်းလုဒ်ချပြီး အင်စတောလုပ်ပါ။ အင်စတောပြီးခါနီးမှာ Activate လုပ်ဖို့တောင်းလာပါလိမ့်မယ်။ အက်တီဗိတ်လုပ်ဖို့ ကီးကတော့
Activation Keys

အဆင်မပြေရင်ပြန်ပြောပါ။

ဂနေ့တော့ ဂလောက်နဲ့ပဲ ရပ်ပါရစေ။ တောင်ငူမြို့ဘလော့လေးကို လာလည်တဲ့အတွက် ကျေးဇူးပါ။