အခုတလော ဂျီမေးလ်တွေပြန်ဖွင့်ပေးတယ်(gmail.com)၊ ဘလော့တွေပြန်လော့အင်ဝင်လို့ရပြီ(blogger.com) ဆိုလို့ ၀မ်းသာအားရနဲ့ ကြိုဆိုနေမိပါတယ်။ Mpt ကိုသုံးတဲ့ 203.81.80.83 (ကျွန်တော်သုံးတာ) နဲ့ 203.81.80.81, 203.81.80.80 မှာ ရတယ်လို့ကြားပါတယ်။ 203.81.72.200 နဲ့ ygncache.mpt.net.mm ကိုတော့ ကျွန်တော်သေသေချာချာ ပြန်မစစ်ကြည့်ရသေးဘူး။ အဲ့ဒီပရိုဆီတွေကတော့ ခုတလောသိပ်သုံးလို့မကောင်းဘူး။ ဒီကြားထဲမှာ ပရိုဆီတွေရုတ်တရက်ချိန်းတာ၊ Client Log in ခဏခဏပြန်ဝင်ရတာတွေ ကြုံရပါသေးတယ်။ အဆိုးဆုံးကတော့ Banned (or) Blocked ။ အဲ့ဒါတွေက စမ်းနေတာပဲလား၊ ဒါမှမဟုတ် ပေါ်လစီနဲ့ပါတ်သတ်ပြီး ပိတ်ထားတာလားတော့ ကျွန်တော်မသိတော့ပါ။ ဒီအထဲမှာ Upload & Download အဆင်ပြေတဲ့ fileden.com ကို ဘန်းလိုက်ခြင်းပါပဲ။ ဒီအတွက် တောင်ငူဘလော့က ဖိုင်ဒန်းမှာ ယူထားတဲ့ လင့်တွေကို ပြန်ပြောင်းရပါတော့မယ်။ အကုန်လုံးပြောင်းဖို့ရာကတော့ မဖြစ်နိုင်ပါဘူးခင်ဗျာ။ ခုလောလောဆယ်တော့ ဖောင့် (font pack) ကို ပြန်ရွှေ့ရပါမယ်။ အခက်အခဲဖြစ်ခဲ့ရင် ခွင့်လွှတ်ကြပါလို့။
တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။ |
ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ် |
Fileden is banned!
5/27/08
အခုတလော ဂျီမေးလ်တွေပြန်ဖွင့်ပေးတယ်(gmail.com)၊ ဘလော့တွေပြန်လော့အင်ဝင်လို့ရပြီ(blogger.com) ဆိုလို့ ၀မ်းသာအားရနဲ့ ကြိုဆိုနေမိပါတယ်။ Mpt ကိုသုံးတဲ့ 203.81.80.83 (ကျွန်တော်သုံးတာ) နဲ့ 203.81.80.81, 203.81.80.80 မှာ ရတယ်လို့ကြားပါတယ်။ 203.81.72.200 နဲ့ ygncache.mpt.net.mm ကိုတော့ ကျွန်တော်သေသေချာချာ ပြန်မစစ်ကြည့်ရသေးဘူး။ အဲ့ဒီပရိုဆီတွေကတော့ ခုတလောသိပ်သုံးလို့မကောင်းဘူး။ ဒီကြားထဲမှာ ပရိုဆီတွေရုတ်တရက်ချိန်းတာ၊ Client Log in ခဏခဏပြန်ဝင်ရတာတွေ ကြုံရပါသေးတယ်။ အဆိုးဆုံးကတော့ Banned (or) Blocked ။ အဲ့ဒါတွေက စမ်းနေတာပဲလား၊ ဒါမှမဟုတ် ပေါ်လစီနဲ့ပါတ်သတ်ပြီး ပိတ်ထားတာလားတော့ ကျွန်တော်မသိတော့ပါ။ ဒီအထဲမှာ Upload & Download အဆင်ပြေတဲ့ fileden.com ကို ဘန်းလိုက်ခြင်းပါပဲ။ ဒီအတွက် တောင်ငူဘလော့က ဖိုင်ဒန်းမှာ ယူထားတဲ့ လင့်တွေကို ပြန်ပြောင်းရပါတော့မယ်။ အကုန်လုံးပြောင်းဖို့ရာကတော့ မဖြစ်နိုင်ပါဘူးခင်ဗျာ။ ခုလောလောဆယ်တော့ ဖောင့် (font pack) ကို ပြန်ရွှေ့ရပါမယ်။ အခက်အခဲဖြစ်ခဲ့ရင် ခွင့်လွှတ်ကြပါလို့။
ခေါင်းစဉ် - စပ်မိစပ်ရာ
သင်္ကြန်တွင်းမှာ
4/20/08
သင်္ကြန်တွင်းမှာ ဘလော့ဂါများပျောက်လို့နေပါတယ်... ဒီတော့ ပို့စ်တွေလည်း အနည်းငယ်ရပ်တန့်လို့နေသည်ပေါ့.. အဲ့ဒီအချိန်အတွင်းမှာပဲ ကော်နက်ရှင်တွေ သိသိသာသာလေးနေလို့ ကျနော်လည်း ဘာမှပြင်ဆင်တည်းဖြတ်နိုင်ခြင်း မရှိခဲ့မိဘူး...
အခု (ဒီည) မှာတော့ နည်းနည်းပါးပါးတည်းဖြတ်ရင်ကောင်းမလားဆိုပြီး ချက်တင်ထိုင် (အဲလေ) ဆက်တင်တွေ ထိုင်ပြောင်းနေတာ.. အဆင်သိပ်မချောသေးတော့ ပြောရခက်တယ်...
ဒါပေမယ့် ရမှာပါ..
စိတ်ချပါ...
ဒီဇိုင်းချိန်းပြီးတော့ကို အရောက်လာခဲ့မှာ... :)
ခေါင်းစဉ် - စပ်မိစပ်ရာ
မင်္ဂလာနှစ်သစ်
4/10/08
ရွှေတောင်ငူက ကိုကို၊မမ၊ညီငယ်၊ညီမငယ် တို့ရေ....
ရောက်လာတော့မဲ့ သင်္ကြန်ပွဲတော်ကြီးမှာ မူးရူးကခုန်ကြရင်း (စောထီးဗျာ စောထီး...နတ်ရှင်နောင် တစ်ယောက်ထဲကိုပြောတာနော်)
ငြီမ်းချမ်းစွာနဲ့ ပျော်ရွှင်နိုင် ကြပြီး စိတ်ကူးအိပ်မက်လေးတွေ အကောင် အထည်ဖေါ်နိုင် ကြပါစေ လို့
(အကောင်ပေါ်ရင်တော့ သေချာတာက ဟုတ်ဝမ် လား ကေတုလားပေါ့) ဆုတောင်းရင်း
HAPPY NEW YEAR လို့ ကြိုတင်နှုတ်ဆက်လိုက်ရပါကြောင်း ........
- အားလုံး မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျာ
ခေါင်းစဉ် - စပ်မိစပ်ရာ
တောင်ငူမြို့မှာရရှိနိုင်မည့် အစားအသောက်
4/5/08
တောင်ငူမြို့မှာရရှိနိုင်မည့် အစားအသောက်နဲ့ ပတ်သက်ပြီးတော့
ကျွန်တော်ကတော့ လက်ဖက်ရည်၊ ဆေးလိပ်၊ ဘီယာ၊ကွမ်းယာတွေ မစားတက်၊ မသောက်တက်တော့ အဲဒီအကြောင်းတွေ ကောင်းတာတော့မပါဘူးပေါ့ဗျာ.....
ကျွန်တော်အကြိုက်ဆုံးကတော့ နန်းကြီးသုတ်ပါပဲ...... တောင်ငူမြို့မှာ ကျွန်တော်စားသောက်ဘူးတဲ့ ဆိုင်တွေကတော့.....
သန့်သန့်ရှင်းရှင်းနဲ့ အရသာကောင်းကောင်းကြိုက်တဲ့လူတွေအတွက်ကတော့ အမေ့စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်ရှိပါတယ်....၄င်းဆိုင်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေး၊ အုတ်တွင်းကားဂိတ်အနီးတွင် တည်ရှိပြီး၊ ဆိုင်၏ ဘေးတွင် US cafe ဆိုင်နှင့် ကောင်းပြည့်လက်ဖက်ရည်ဆိုင်တို့ရှိပါသည်။
အမေ့စိတ်တိုင်းကျဆိုင်တွင် စားပွဲထိုးကောင်းမလေးများစွာရှိပြီး တူညီဝတ်စုံများ ၀တ်ဆင်ထားကြပါသည်။ ကျွန်တော်ဆို အဲဒီဆိုင်ကိုသွားရင် နန်းကြီးသုတ်ပဲစားပါသည်။(၁ပွဲ=၅၀၀) ဆိုင်၏ဖွဲ့စည်းပုံမှာ (၄)ယောက်ထိုင်ခုံးများစွာရှိပြီး ဧည့်သည်များလာပါက ရေနွေးကြမ်းခွက်လေးနဲ့ရေနွေးကြမ်းအိုးလေးကို ယူလာပြီး ဘာသုံးဆောင်မလဲလို့မေးပါတယ်.... ဒီအမေ့စိတ်တိုင်းကျဆိုင် တော်တော်လေးလည်း ကောင်းပါတယ်.... လူလည်းစီပါတယ်...ရောင်းလည်းကောင်းပါတယ်...
နောက်တခုကတော့ Harmony ကတော့ ဦးပန်းဖြူလမ်း....ထဲမှာရှိပြီး.... ဆိုင်ရဲ့တည်ဆောက်ပုံလေးကတော့ fancyကျပြီး စုံတွဲတွေအလားများတဲ့နေရာလေးပါ... အဲဒီဆိုင်မှာ ထူးခြားတာတစ်ခုကတော့ ဆိုင်မှာစားချင်တဲ့အစားအစားတွေကို အရင်မှာထားပြီး ပိုက်ဆံအရင်ရှင်းရပါတယ်...နောက်မှ သူတို့လာချပေးပါတယ်.... ကျွန်တော်ကတော့ အဲဒီဆိုင်ကို ကျွန်တော်ညီမလေးနဲ့ သွားပြီး အထူးအဆန်းတွေအကုန်တစ်မျိုးပြီးတစ်မျိုးစားပါတယ်...အများဆုံးစားတာကတော့ နန်းကြီးသုတ်ပါပဲ .... အခြားအစားစာတွေကတော့ ကိုးရီးယားထမင်းသုတ်၊ ယိုးဒယားထမင်းသုတ်စတဲ့ အထူးအဆန်းတွေ မစားဘူးတဲ့အစားအစားတွေကို စားသောက်ခဲ့ဘူးပါတယ်..အခုထိလည်းအားပေးနေပါသေးတယ်.....
နောက်တစ်ခုကတော့ Master Coffee မှာတော့ Harmony လိုပုံစံလေးပါပဲ...ချစ်သူ၊ စုံတွဲတွေအတွက်စားသောက်ကောင်းတဲ့နေရာလေးပါပဲ....အဲဒီဆိုင်မှာလဲ ထူးခြားတဲ့ valentine day နဲ့ အခြားနေ့တွေမှာ ထူးခြားတဲ့အစီအစဉ်တွေ လုပ်ပေးပါတယ်.... အဲဒီဆိုင်မှာတော့ နန်းကြီးသုတ်မရောင်းတော့ ကျွန်တော်က အာလူးကြော်ပဲ အားပေးရပါတော့တယ်...ဗျာ.......
နောက်....ကန်တော်ကြီးကစားသောက်ဆိုင် မှာကတော့ ရေပြင်ကြီးကိုကြည့်လို့ကောင်းပါတယ်.... အစားအသောက်တွေကတော့ နည်းနည်းဈေးကြီးချင်တယ်ဗျ....
နောက်အဲဒီနားက နှင်းဆီသွေး လက်ဖက်ရည်ဆိုင်... အဲဒီဆိုင်မှာလည်း အစားအသောက်တွေအစုံရပြီး ....အမေ့စိတ်တိုင်းကျနည်းနည်းကောင်းပါတယ်...အဲဒီက စားပွဲထိုးတွေကတော့ ယောင်္ကျားလေးတွေဖြစ်ပြီး ကောင်တာမှထိုင်တဲ့ ကောင်မလေးကတော့ နည်းနည်းလှပါတယ်...ဟယ်ဟယ်....
ပြီးတော့ နာမည်ရတဲ့ လက်ဖက်ရည်ဆိုင်တွေကတော့ ရွှေကြာ၊ ချစ်သူ၊ လက်ရွှေးစင်၊ 7တော့၊ မြတံခွန်နဲ့အောင်သန်းဆု၊ တိုင်းတံခွန်၊ မန်ယူ၊ စတဲ့လက်ဖက်ရည်ဆိုင်တွေရှိပြီး၊ စားသောက်ဆိုင်တွေကတော့.....ရှမ်းမင်းသား၊ မိုးကောင်းကင်၊ စခန်းသာ၊ အေးချမ်းသာ၊ အောင်ကောင်း စသည့် စားသောက်ဆိုင်များလည်းရှိပါသည်။ အပြည်အစုံကို ပုံနှင့်တကွတင်ပြပါအုံးမယ်...
ည ၉း၀၀နာရီနောက်ပိုင်းလက်ဖက်ရည်ဆိုင်များကတော့ တိုင်းတံခွန်း၊ မြတံခွန်၊ အေးချမ်းသာ၊ မန်ယူ၊ ချစ်သူ ၊ လက်ရွှေးစင် ဆိုင်တို့သည် မိုးလင်းတဲ့အထိ ဆိုင်ဖွင့်ကြပြီး အေးချမ်းသာဆိုင်မှာ ဈေးအကြီးဆုံးနဲ့ လက်ရာအကောင်းဆုံးဆိုင်ဖြစ်ပါတယ်...အေးချမ်းသာဆိုင်တွင် အစားအသောက်ကောင်းတော့ လူတော်တော်များများကြိုက်ကြပါမယ်...
ကိုစည်သူရေ ကျွန်တော်ဒီစာကိုရေးနေတုန်းမှာ အေးချမ်းသာက ထမင်းကြော်တပွဲ ကကျွန်တော်စီကို ရောက်လာတယ်ဗျ....ဟယ်ဟယ်.....
အခြားမိုးလင်းပေါက်ဆိုင်တွေဟာတော့ သူဟာနဲ့သူတော့ကောင်းကြပါရဲ့....
ကိုစည်သူရေ နောက်မှ ကျွန်တော်ရဲ့ တစ်နေ့တာ အစားအသောက်စားသုံးပုံလေးတင်ဆပ်ပါအုံးမယ်....ဘိုင်ဘိုင်
ခေါင်းစဉ် - စပ်မိစပ်ရာ, တောင်ငူအစားအသောက်
မီး
4/1/08
လမ်းထိပ်မှာ အရောင်တလက်လက်
ဘွတ်ဖိနပ်တွေနဲ့ ...............
မီးသက်သမားများထင်ပါရဲ့
သူတို့ကိုပြောလိုက်ပါနော် .........
မီးတောက်နေတဲ့ နလုံးသားဆိုတာ
ချစ်သူ့ အနမ်းနဲ့ပဲ ငြိမ်းသက်နိုင်မယ်လို့ ။
hahahahahahahahaha
ခေါင်းစဉ် - ကဗျာ, စပ်မိစပ်ရာ