မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


အချစ်ဆုံး

3/25/08

တကယ်တော့ လောကကြီးမှာ လူတွေက ကိုယ့်ကိုယ်ကို အချစ်ဆုံးပါ.

တစ်စုံတစ်ယောက်ကို ဂရုစိုက်တရ်ဆိုတာ သူ့ဆီက ဂရုစိုက်မှုလေးတွေ ပြန်လိုချင်တဲ့ အတ္တလည်း တစ်စိတ်တစ်ပိုင်း ပါဝင်တာရရ်ကြောင့်ပဲ

တစ်စုံတစ်ယောက်ကို ချစ်တရ်ဆိုတာ ကိုယ့်ကို ချစ်တဲ့သူရှိလာအောင်လေ

ကိုယ်ကပဲ တစ်ဖက်သက် ချစ်နေရတာပါ ဆိုတာကလည်း `သနားစရာကောင်းလိုက်တဲ့ ငါပါလား´ လို့ အတွေးမျိုး ကို သာယာမိလို့မဟုတ်လား

အသက်ထက်မြတ်နိုးပါတရ် အဆုံးရှုံးမခံနိုင်ပါဝူး ဆိုတာကလည်း ကိုယ့်ကိုထားသွားရင် ခံစားရမရ့် နာကျင်မှုကို ကြောက်လို့ပဲလေ

အရာရာမင်းအတွက်ပါဆိုတာက မင်းအတွက်မဟုတ်ဝူးဆိုရင် ကျန်ရစ်မှာစိုးလို့ပေါ့

အရာအားလုံးထက် တန်ဖိုးထားရပါတရ် ဆိုတာတွေကလည်း ကိုယ့်ကိုယ်ကိုချစ်လွန်းလို့ သူ့ကို တန်ဖိုးထားတာပဲလေ..


လူတွေက ကိုယ့်ကိုယ်ကို အချစ်ဆုံးပါ.. Smile

brainwave