မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


တောင်ငူရာဇ၀င်အကျဉ်းချုပ်...

6/19/08

ဒီတောင်ငူရာဇ၀င်အကျဉ်းချုပ်ကိုဆရာဦးအောင်ခင်ရေးသားတဲ့မြတ်စောညီနောင်စေတီတော်သမိုင်းနှင့်
တောင်ငူရာဇ၀င်စာအုပ်မှပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ အကျဉ်းချုပ်ဆိုပေမယ့်တော်တော်များလို့အခန်းဆက်ရေးခွင့်ပြုကြပါ။
တောင်ငူရာဇ၀င်(၁)
သက္ကရာဇ်(၅၅၃)ခုနှစ်တွင်၊ပုဂံမင်း(၄၈)ဆက်မြောက် နရပတိစည်သူမင်းသည်၊ တိုင်းခွင်လှည့်လည်တော်မူလာရာ၊
ဤအရပ်သို့ရောက်လေသော်အနန္ဒသူရိယအမတ် ရန်မန်ထွေးကို ဇေယျသင်္ခမင်းသား၏နှမတော်နှင့်စုံဖက်၍
(၅၅၆) ခုနှစ်တွင် ဆွာချောင်း၏မြောက်ဘက် ကမ်းပါးပေါ်ရှိ ကမ်းပါးမြင့်ရွာကို အပိုင်စားပေးတော်မူခဲ့လေသည်။
၎င်းအနန္ဒသူရိယ၏သား-မင်းလှစော၊ မင်းလှစော၏သား-သ၀န်လက်ျာဖြစ်လေသည်။
ပေါက္ကံနန်းရိုးဖြစ်သော သ၀န်လက်ျာသည်၊ ပေါက္ကံမြို့မှ လာရောက်၍ ဆွာချောင်းမြောက်ဘက်တွင် ရွာတည်၍နေဆဲ၊
၎င်းသ၀န်လက်ျာသည် ရွာနေလူအပေါင်းကို ပေးကမ်းမစခြင်း၊အခွန်အတုတ်နည်းပါးခြင်းတို့ကို အရပ်ရပ်က သတင်းစကားကြားသိလေလျှင်
ထိုရွာသို့ပြောင်းရွေ့လာရောက်၍နေထိုင်ကြလေသော် မကြာမီ ရွာစည်ကားလာသောကြောင့်၊ဘေးဆီးရန်ကာအလို့ငှါ ရွာကိုပတ်မိလေအောင်
ကြခတ်ဝါးပင်တို့ကို ထူထပ်စွာစိုက်ကြလေ၏။ကြခတ်ပင်တို့ဖြင့် ၀န်းရံနေသောကြောင့်(ကြခတ်ဝါးရံရွာ)ဟုသမုတ်ကြလေ၏။ရွာသည်
တစ်နေ့တစ်ခြားစည်ကားလာသဖြင့် သုံးကြိမ်တိုင်တိုင်ချဲ့ထွင်ကာ မြို့ရိုးကဲ့သို့စိုက်စေပြီးမှ(ဝေဠုဝတီမြို့)ဟုသမုတ်ကြလေ၏။
၎င်းမြို့သည်အလွန်တရာစည်ကားကြောင်းကို အရပ်လေးမျက်နှာမှ လူအများ မှီခိုလာကြောင်းကို ရာမညတိုင်း ဟံသာဝတီ၊ မုတ္တမတိုင်အောင် သတင်းစကား ကျော်ကြားလေလျှင် သက္ကရာဇ်(၉၀၉) ခုနှစ်၊ရာမညတိုင်း၊မုတ္တမပြည်က တလိုင်းဝါရီရှုမင်းဗိုလ်ပါအများနှင့် ဆန်တတ်လာရောက်တိုက်ခိုက်ပြီးမှ သ၀န်လက်ျာ သမီးမောင်နှံသ၀န်ညီနောင် နို့စို့နို့ညှာတို့ကိုပါ
ဖမ်းယူ၍ ရွှေကျင်အောက် ဖြူးအုတ်ဖိုရွာတွင်အစောင့်အရှောက်နှင့် အကျယ်ချုပ်ထားခဲ့လေ၏။
ဤအရပ်၌နေကြ၍ သ၀န်ညီနောင် အရွယ်သို့ရောက်လေလျှင် အဘသ၀န်လက်ျာသည်းစွာသော အနာရောဂါရောက်သည်နှင့်
ပျက်စီးခါနီးတွင် သား-သ၀န်ညီနောင်တို့ကိုခေါ်၍ မှာထားခဲ့သည်မှာ အမောင်တို့ ငါအဘသည်သေမင်းနိုင်ငံသို့ လိုက်ပါရတော့မည်။
ယခုဤအရပ်သည် ငါတို့မူလနေသောအရပ်မဟုတ်၊မွန်တို့နေသောရာမညတိုင်းဖြစ်သည်။ငါတို့အမျိုးကားမင်းမျိုးတည်း၊ သင်တို့ကြီးစိုး
လိုလျှင်ဤအာသာဝတီ ပေါင်းလောင်းမြစ်ကိုဆန်တက်၍ လက်ဝဲဘက်က ခပေါင်းချောင်းဝရှိလေသည်။ ၄င်းခပေါင်းချောင်းကို ဆန်တက်သွားသော် မင်းဝံ တောင်စွန်း တောင်ငူငယ်ကို တွေ့လိမ့်မည်။ ထိုအရပ်သို့မောင်တို့သွား၍ မြို့ရွာတည်ထောင်လျက် ကြီးစိုးကြ
လေဟု မှာထားတော်မူပြီးမှ အနိစ္စရောက်လေ၏။
ဤသို့ သား-သ၀န်ညီနောင်တို့ကို အဘ-သ၀န်လက်ျာက မှာထားသောအကြောင်းကို ဖြူးအုတ်ဖိုရွာနှင့်တကွ အနီးအပါး ရွာသူရွာသားတို့ ကြားသိကြလေ၏။ သ၀န်ညီနောင်တို့ကလည်း ရပ်သူရွာသားအပေါင်းတို့အား သင်တို့သည်ဤအရပ်မှာမနေလို၍
ငါတို့ ကြီးစိုးရာအရပ်သို့ လိုက်လိုကြပါလျှင် ရင်းနှီးရန်ငွေကြေးလည်း မစမည်။ အခွန်အတုတ်မရှိ ချမ်းသာစွာနေကြရမည်ဟုပြောလေလျှင်
လိုက်လိုသည့်အိမ်ထောင်ပေါင်း (၃၇၀) စည်းဝေမိပြီးခလျှင် သ၀န်ညီနောင်တို့လည်းလိုက်လိုသည့် အိမ်ထောင်ပေါင်း (၃၇၀)တို့ကို
လှေဖောင်အသီးသီးလုပ်ကြစေ၍ နေ့ရက်ကောင်းသောအခါ သက္ကရာဇ် (၆၄၀) ပြည့်နှစ်တွင် ချောင်းလုံးပြည့်မျှ အာသာဝတီ ပေါင်းလောင်း
မြစ်ကိုဆန်တက်ခဲ့ကြလေ၏။
ဤသို့ဆန်တက်ခဲ့ကြ၍ လက်ဝဲဘက် ခပေါင်းချောင်းဝကို မြင်လေလျှင်ဤချောင်းသည်ကား ငါတို့အဘမှာထားခဲ့သော ချောင်းပင်
ဖြစ်ပေလိမ့်မည်ဟု ခပေါင်းချောင်းဝသို့ဝင်၍ ဆန်တက်ခဲ့ကြရာ မင်းဝံတောင်ရိုး တောင်ငူငယ်ကိုတွေ့မြင်ကြရလေ၏။ မြို့ရွာတည်ထောင်ရန်
ညီညွတ်သောမြေကွက်ကို ရှာဖွေကြလေလျှင် မုဆိုးကရင်ဘဆိုသူနှင့် တွေ့ကြ၍ အမောင်တို့ အဘယ်ကိုရှာကြသနည်းဟုမေးရာ
သ၀န်ညီနောင်တို့ကလည်းမြို့ရွာတည်ထောင်နေထိုင်ကြရန် ကောင်းသောမြေကွက်ကိုရှာပါသည်ဟု ပြောကြ၍ သ၀န်ညီနောင်နှင့်
ကရင်ဘသုံးယောက်တို့သည် တစ်ဦးနှင့်တစ်ဦး ကူညီမစပါမည်ဟုကတိသစ္စာထားကြပြီးလျှင် ညီညွတ်သန့်ရှင်းသောမြေကို ကရင်ဘ
ညွန်ပြသောကြောင့် ၄င်းနေရာ၌ မြို့ရွာတည်ထောင်ကြ၍ ၄င်းမြို့ကို (ဓည၀တီ)မြို့ ဟုသမုတ်ကြလေ၏။ ၄င်းမြို့ကို သ၀န်ကြီးပင်အုပ်ချုပ်
၍ သ၀န်ငယ်ကား မြို့ကွပ်၊ ကရင်ဘကား မုဆိုးလုပ်လျက်ပင်နေကြလေသတည်း။