မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


အောင်စိတ်

5/28/08


အောင်စိတ်

လောကကြီးမှာ အင်အားအကြီးဆုံးအရာဟာဘာလဲဆိုရင် မိမိတို့ကိုယ်စီပိုင်ဆိုင်ထားတဲ့စိတ်ပေါ့၊ ဒါကိုလူအများစုကမသိကြတာ သူများနောက်ကျဖို့လမ်းစဖြစ်နေတာပေါ့၊ ကမ္ဘာပေါ်မှာ ကြီးကြီးကျယ်ကျယ်ပေါ်ပေါက်ခဲ့တဲ့ ကိစ္စမှန်သမျှတွေဟာ ဒီစိတ်ကလေးတခုကနေ ဖြစ်လာရတာပါ၊ ချမ်းသာချင်တဲ့စိတ်ရှိရင် ချမ်းသာရမှာဘဲ၊ အောင်မြင်ချင်တဲ့စိတ်ရှိရင် အောင်မြင်မှာဘဲ၊ ဒီလိုပြောတော့ စာဖတ်သူကယုံချင်မှာမဟုတ်ဘူး၊ လူတိုင်းကချမ်းသာချင်ကြ၊ အောင်မြင်ချင်ကြတာဘဲ ဆင်းရဲချင်တဲ့လူကျရှုံးချင်တဲ့လူရယ်လို့ ဘယ်ရှိပါမလဲပေါ့၊ ဟုတ်ပါတယ်.... လူတိုင်းကချမ်းသာချင်တယ် အောင်မြင်ချင်တယ်၊ ဒါအမှန်ပါဘဲ၊ ဒါပေမယ့် လူတိုင်းကပါစပ်ဖြားနဲ့တင် ချမ်းသာချင် အောင်မြင်ချင်ကြပြီး စိတ်ထဲနှစ်နှစ်ကာကာမရောက်သေးလို့ဘဲ၊ Ford ဟာမြင်းမပါဘဲနဲ့ သွားနှိုင်တဲ့ယာဉ်တမျိုးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ဟာ သူများအာလူးခင်းမှာ အာလူးတူးသမားဘ၀နဲ့စိတ်ကူးစခဲ့တာ၊ သူသာဒီစိတ်ကူးမျိုး မပေါ်ခဲ့ရင် ဒီနေ့ကမ္ဘာကျော် Ford မော်တော်ကားကုမ္မဏီကြီး ပေါ်လာစရာအကြောင်းကိုမရှိဘူး၊ ဖြစ်ချင်တယ်ဆိုတဲ့စိတ်ဟာ ပေါ့ပေါ့လေး .. အခုပေါ်အခုပျောက်၊ နောက်နဲနဲကြာတော့ ပြန်ပေါ်လိုက် ဒီလိုနဲ့တော့ဘာမှဖြစ်လာဖို့မရှိဘူး၊ ဒီနေ့လူငယ်တွေနားလည် လွယ်အောင်ပြောရရင် ကောင်မလေးတယောက်ကို ကောင်လေးတယောက်ကကြိုက်ပါပြီတဲ့၊ ဒီလိုကြိုက်ပြီဆိုရင် ကောင်လေးဟာ ကောင်မလေးကိုရူးရူးမူးမူးလိုက်တော့မယ်၊ သူ့မှာစားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်ခါနီးလည်းဒီစိတ်နဲ့ဘဲ။ အိပ်ယာကနိုးလာတော့လည်း ဒီစိတ်နဲ့နိုး၊ ကျောင်းစာတောင်သူ့မှာကောင်းကောင်းမလုပ်နိုင်၊ ဒါကောင်မလေးတယောက်ကို အရူးအမူးကြိုက်ဖူးတဲ့လူတိုင်းသိတယ်၊ ဒီစိတ်မျိုးကို ချမ်းသာချင်အောင်မြင်ချင်တဲ့နေရာမှာ သုံးလိုက်ရင်မဖြစ်နိုင်တာမရှိဘူးပေါ့ ....