ဒီတစ်ညတော့ ကိုယ့်ရင်ခွင်မှာ..................
မသီကျူးနိုင်သေးပါဘူးဗျာ။ Ask Me! နဲ့ နည်းနည်းအလုပ်ရှုပ်နေလို့။
ဘာဖြစ်လို့လဲဆိုတော့ သုံးနေတဲ့ပုံစံကို ကျွန်တော်စိတ်တိုင်းမကျသေးဘူးလေ။ အဲ့ဒီအတွက် နောက်တစ်မျိုးထပ်ပြီး စီစဉ်နေလို့ ကျနော်တောင် Beta - စမ်းသပ်အဆင့်လို့ နံမည်ပေးခဲ့၊ သမုတ်ခဲ့သေးတယ်။
အခုတလော Improvement တွေချည်းပဲ ရေးနေ၊ လုပ်နေရလို့ တခြားစာတွေတောင် ဘယ်ရောက်နေမှန်းကို မသိဘူး။ အခုလုပ်ထားတဲ့ Ask Me! (Beta) ကိုဘာလို့ မကြိုက်လဲဆိုတော့ အက်ဒမင်ကွန်ထရိုးမပြည့်လို့ပါ။ ဒါကြောင့် အခုဆိုရင် FAQ manager ကို ပြန်လည်မွမ်းမံထားတဲ့ Ask Me! ကိုသာသုံးဖို့ စီစဉ်လိုက်ပါတယ်။ (ဒီအတွက် အင်စတောလုပ်ပေး/ကြော်ငြာဘန်နာတွေကိုဖျောက်ပေး/အစစအရာရာကူညီပေးတဲ့ ကိုကိုရဲ ကို အထူးပင်ကျေးဇူးတင်လိုကြောင်း ပြောကြားချင်ပါတယ်။)
ကဲ .. ရှင်းလင်းချက်ကို စရအောင် .........
ဘာ့ကြောင့်ရှင်းလင်းချက်ထုတ်ရတာလဲဆိုရင် Ask Me! မှာ ကျွန်တော်ကြည့်လိုက်တော့ တော်တော်များများ မေးထားတာတွေကို တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်ရွယ်ချင်တဲ့ ပေါ့ပေါ့ပါးပါး မကဘူးဖြစ်နေတယ်။ ဘယ်လိုတွေဖြစ်နေသလဲဆိုတော့
- တချို့က Comment လို့ခေါ်တဲ့ မှတ်ချက်နဲ့ ရောထွေးနေတတ်တယ်။ မှတ်ချက်သဘောက စာတစ်ပုဒ်၊ စာတစ်ပိုဒ်၊ စာတစ်ကြောင်းအပေါ်မှာ စာဖတ်သူဟာ စာရေးသူအပေါ်ကို တိုက်ရိုက်ပြောချင်တဲ့စကား လို့သက်ရောက်ပါတယ်။ Ask Me! က ထိုကဲ့သို့မဟုတ်ပါ။
- တချို့က Greeting လို့ခေါ်တဲ့ ပဋိသန္ဓာရစကားတွေရေးထားတတ်ကြတယ်။ “မတွေ့တာကြာပြီတို့ .. လည်လည်လာသွားတယ်တို့ ...” ဘလော့ဂါတွေရဲ့အခေါ်အရ စီပုံး (C box or Shout Box) နဲ့ ရောထွေးသွားတတ်ပါတယ်။
- တချို့က ပဟေဠိတွေလာမေးထားကြတယ်။ လုံးလုံးကို ကွဲပြားပါတယ်။ ကိုယ်ကအဖြေသိတယ်။ တခြား တစ်ယောက်ကို အဖြေသွားမေးတယ်။ စကားဝှက်တယ်။ ဒါတွေနဲ့ Ask Me! နဲ့မတူပါ။ Ask Me! ကို မိတ်ဆွေက မသိသေးတဲ့ / သိချင်တဲ့ မေးခွန်းတွေ မေးပေးဖို့ပါပဲ။
- တချို့ကျပြန်တော့ အမေးမဟုတ်၊ အဖြေမဟုတ်တွေ။ ဒါတွေလည်း မဖြစ်သင့်သေးပါဘူး။
Ask Me! မေးခွန်းလေးတွေကို ဘယ်လိုမျိုးဖြစ်ချင်သလဲဆိုတော့
- မေးချင်တဲ့မေးခွန်းက လိုရင်းတိုရှင်းဖြစ်ရပါမယ်။ (အခုမေးသွားတဲ့အထဲမှာ - “ကြက်ဥနဲ့ကြက်မ ဘယ်ဟာအစလဲဗျာ” ဆိုတာကို သဘောကျပါတယ်။ ဖြေတဲ့သူလည်း ပေါက်ကရပြန်ဖြေနိုင်တာပေါ့)
- ကျွန်တော်တို့ရဲ့ Ask Me! က နိုင်ငံရေး၊ လူမှုရေး စတဲ့ အပြုသဘောတွေ မပါပါ။ အဲ့လိုမျိုး မေးခွန်းတွေက အင်တာဗျူးသဘောသက်ရောက်ပါတယ်။ နောက်ပိုင်းကျမှ ထည့်မယ့်အစီအစဉ် တစ်ခုပါ။
- ဖြစ်နိုင်ရင် ဗမာလိုပဲ ရေးသားစေချင်ပါတယ်။ ဘားဂလိ (Burglish) နဲ့ မေးခဲ့ရင် ပြန်ဆိုတဲ့အခါမှာ အကျအနကောက်တာ မှားယွင်းနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အင်္ဂလိပ်ဖြင့်ရေးသားခြင်းများ ရှောင်ရှားစေလိုပါတယ်။ (ဖြေတဲ့အခါကျရင် ပျော်စရာမကောင်းနိုင်တော့လို့ပါ)
ကဲ.. နမူနာကို ကြည့်ရအောင်...
Your Name - မိတ်ဆွေရဲ့နံမည်လေးကိုဖြည့်လိုက်
Email - မိတ်ဆွေရဲ့အီမေးလ်လိပ်စာလေးကိုဖြည့်လိုက်
Category - သူကတော့ မေးခွန်းမေးမယ့် နေရာကိုပြောတာ (လောလောဆယ် ပျော်ပျော်ရွှင်ရွှင် ပဲရှိသေးတယ်)
Question - မိတ်ဆွေမေးချင်တဲ့ မေးခွန်းခပ်တိုတိုလေးပဲဖြည့်လိုက်
ဒါပြီးရင်တော့ "Submit" လေးကိုနှိပ်ပြီးပို့လိုက်
ကျွန်တော်တို့အဖြေကို ဒီရက်ပိုင်းအတွင်း ထုတ်ပေးပါ့မယ်။ အားပေးတဲ့ မေးမြန်းကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
|