မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


Ask Me! - 1

5/24/08

လာပါပြီဗျာ အမေး/အဖြေအမှတ်စဉ် (၁)
ဒီတစ်ခါက ပထမဆုံးလဲဖြစ်ပြန်၊ ဦးဆုံးလည်းဖြစ်ပြန်၊ နံပါတ်(၁)လည်းဖြစ်ပြန်ဆိုတော့ အရင်ဆုံးပေါ့နော့ ....

အမှားအယွင်းလေးတွေရှိရင် ခွင့်လွှတ်ကြပါလို့ .. ဒီတစ်ခေါက်မှာ မေးတဲ့သူများကို ဖော်ပြဖို့အတွက် အနည်းငယ်အခက်အခဲရှိတဲ့အတွက် မူတစ်မျိုးနဲ့ဖြေပါရစေလို့ ..

မှတ်ချက် ။ အချို့သောမေးခွန်းများအား စံညွှန်းမမီသောကြောင့် ခေတ္တပယ်ထားရပါသည်။

မေး - ဟုတ်ကဲ့ခင်ဗျား။ လောကကြီးမှာ ဘာအကောင်းဆုံးလဲဆိုတာကို သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား
ဖြေ - ဦးဦးရဲ့အဖြေပွင့်ပွင့်လင်းလင်းလေးကတော့ “ဘာအဆိုးဆုံးလဲဆိုတာကို သိတဲ့အချိန်မှာ ဘာအကောင်းဆုံးလဲဆိုတာကို သိရပါလိမ့်မယ်တဲ့” ခင်ဗျား။

မေး - ဦးဦးတောင်ငူရဲ့ရည်းစားနံမည်ကဘယ်လိုခေါ်ပါသလဲ.. ဖြေပေးပါ..
ဖြေ - အဲ့ဒါကတော့ တောစီးကရက်လေ။ သဉ္ဖာလေးစိတ်ကောက်သွားရင် ဘယ့်နဲ့လုပ်မလဲ။ ဦးဦးက သိပ်မချော့တတ်ဘူးကွဲ့။

မေး - မေးမယ်ဗျာ... ဦးဦးတောင်ငူဖြေပေးပါ... internet ဆိုတာဘယ်သူ့ကိုခေါ်တာလဲ။ ဦးဦးရောတွေ့ဖူးလား...
ဖြေ - အင်တာနတ်ဆိုတာ အတွင်းကိုစောင့်တဲ့နတ်ပေါ့ကွယ်။ အဲ့ဒါတော့ မာမီချစ်ကိုမေးကြည့်။ သူက နတ်ကန္နားပေးတာမဟုတ်လား။

မေး - အဖြေမရှိတဲ့ မေးခွန်းတွေက ဘာတွေလဲ။
ဖြေ - အမေးမရှိတဲ့ အဖြေတွေပေါ့ကွယ်။

မေး - အုန်းသီးထဲကို ဘယ်သူရေထည့်တာလဲဟင်။
ဖြေ - အဲ့ဒါလေးများ လွယ်လွယ်ကလေး။ အုန်းပင်ထည့်တာပေါ့။

မေး - ဟ ဟ ဟ ဒီနေ့ဘာနေ့တုန်း ??? (မေးဖို့အရေး ပါးစပ်ဟခိုင်းနေသေးတယ်)
ဖြေ - မနေ့ကရဲ့မနက်ဖြန်လေ။ တိကျအောင်ပြောရရင် သဘက်ခါရဲ့ မနေ့တနေ့ကပေါ့ကွယ်။

မေး - လူတွေရဲ့ခန္ဓာကိုယ်က လျင်မြန်သွက်လက်တာဘာလဲဟင်။
ဖြေ - လက် လေ။ (ဒီကောင်လေး လက်ဆော့တတ်တယ် သတိထားဆိုတာ ။ မြန်လွန်းလို့ ဘယ်သူမှတောင် မသိလိုက်ဘူး)

မေး - ပညာရှိတွေက ပြောကြတယ်။ မျောက်ကနေလူဖြစ်တာတဲ့။ ကျွန်တော်ကမေးချင်ပါတယ်။ ကြောင်ကနေကျားဖြစ်တာလား.. ကျားကနေကြောင်ဖြစ်တာလားပေါ့။
ဖြေ - ဦးဦးတောင်ငူလည်း ပညာချိပဲ။ အဲ့ဒီအမေးကို ဥပမေယျနဲ့ဖြေမယ်။ ကျားဆရာကြောင်ဆိုတာကို ကြားဖူးတယ်။ ဒါပေမယ့် ကြောင်ကြောင်ကျားကျားလည်း ကြားဖူးတာပဲ။ ဒါကြောင့် အတူတူဖြစ်လာတာလို့ ဖြေချင်ပါတယ်။

မေး - ဟိုဟာလေ.... ဟိုဒင်း......... ဘယ်ဟာလဲဆိုတော့ ... အင်း...... အဲ့ဟာလေဗျာ... ဟိုတစ်ခုလေ.... အဲဟာပါဆို... ကျေးဇူးပဲဗျို့.....
ဖြေ - ဒီမေးခွန်းအတွက် တော်တော်စဉ်းစားရင်းနဲ့ ကယောင်ခြောက်ခြား ဖြစ်သွားတာထင်တယ်။ အင်း “ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ်” ဇာတ်ကားလားဟင်....

မေး - အိပ်ယာဝင်ရင် ဘာကိုသတိရလဲ။
ဖြေ - အိပ်ယာဝင်ရင် မအိပ်ခင်ကဟာတွေကို သတိရပါတယ်တဲ့ခင်ဗျာ။ (အင်း.... တို့ဆရာကြီး ပုလင်းထောင်တုန်းကတော့ ဘာမှသတိမရတာသေချာတယ်)

မေး - ကြက်ဥနဲ့ကြက်မ ဘယ်ဟာအစလဲဟင်။
ဖြေ - အင်း ... အဲ့ဒါကတော့ ကြက်ဖ မှသိလိမ့်မယ်ကွဲ့။ (မှတ်ချက် ။ အဆိုတော်မဟုတ်ပါ)


ကျေးဇူးပါ - အခုလို မေးခွန်းလေးတွေ မေးပေးတဲ့သူတွေအားလုံးကို ယခု Ask Me! ကဏ္ဍ မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့ ပြောပါရစေ။
နောက်တစ်ပတ်မှာလည်း ဤအချိန်၊ ဤနေရာ၊ (အဲလေ ဟုတ်ပါဘူး)
နောက်တစ်ပတ်မှာလည်း ယခုထက်ကောင်းမွန်သော မေးခွန်းများအားမေးပေးစေလို၍ မေးခွန်းမေးသူရဲ့ နစ်ကိုပါဖော်ပြပေးမှာဖြစ်ပါတယ်။ ယခုထက်ပိုမိုကောင်းမွန်သော အကြံများ အဖြေများကိုလည်း ရရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အစပိုင်းဆိုတော့ မသိသေးသူများလည်း သိသွားစေဖို့အတွက် ရည်ရွယ်ပြီး အလျင်အမြန်အဖြေထုတ်လိုက်ရကြောင်းပါခင်ဗျားးးးးးးးးး