ဖြူလျော့လျော့ ကမ္ဘာကြီးထဲ
ငါ့ရင်နဲ့ ရင်းခဲ့တဲ့ အနှစ်ချုပ်ဟာ
အပေါစားပျက်လုံး တစ်ခုအဖြစ်
ကောက်နုတ်ခံခဲ့ရတယ် .......
မင်းအနားမှာ နေချင်သေးလို့
အကြိမ်ကြိမ် ငါကိုယ်တိုင်ပဲ
အရှုံးပေးခဲ့သမျှတွေအတွက်
အနိုင်ယူရက်ခဲ့ဦးပေါ့ .......
အဆုံးသတ်ပုံက
တံခါးပတ္တာကြား
အိမ်မြှောင်အမြီးပြတ်လေးလို
အချစ်ဇောတွေ တဆတ်ဆတ်ခါလို့ .........။ ။
တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။ |
ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ် |
ရင်ကွဲနာ
7/3/09
Author : Anonymous
ခေါင်းစဉ် - ကဗျာ
Subscribe to:
Comment Feed (RSS)
|