မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


Secrets of Nokia

5/20/08

GSM ဖုန်းတွေထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ စက်တွေထဲကို လျှို့ဝှက်ကုဒ်တွေ ထည့်ထားတက်ကြပါတယ်။ လူသိအများဆုံးနဲ့
အသုံးအတဲ့ဆုံး ကုဒ်ကတော့ “*#06#” ပါပဲ။ အဲဒီကုဒ်ကို နှိပ်လိုက်ရင် IMEI လို့ခေါ်တဲ့ ဂဏန်း၁၅လုံးပါတဲ့ ဖုန်း အမှတ်စဉ်နံပါတ် ပေါ်လာပါလိမ့်မယ်။ အဲဒီ နံပါတ်တွေဟာ တစ်လုံး နဲ့ တစ်လုံး မတူအောင် သတ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် ဆိုရရင်
အဲဒီနံပါတ်တွေဟာ သက်ဆိုင်ရာဟန်းဆက်ရဲ့ ကိုယ်ပိုင်နံပါတ်တွေပါပဲ အကယ်၍ သင်ဟာ သင့်ဟန်းဆက် ခိုးယူခံခဲ့ရရင် ၄င်းရဲ့ IMEI
နံပါတ်ကို မှတ်မိမယ်ဆိုရင် ရဲကိုအကြောင်းကြားခြင်းအားဖြင့် သင့်စက်ကို ပြန်လည်ခြေရာခံလို့ ရနိုင်ပါတယ်။ ခိုးယူသွားသူဟာ သူရဲ့
ကိုယ်ပိုင် ကဒ်ကို ထည့်လင့်ကစား သက်ဆိုင်တယ်လီဖုန်းကုမ္ပဏီဟာ ဟန်းဆက်ရဲ့ IMEI ကို ခြေရာခံပြီး အဲဒီစက်ကို ဘယ်သူ သုံးနေ
လဲဆိုတာ သိနိုင်ပါတယ်။ နောက်ထက်အသုံးတဲ့ ကုဒ်တစ်ခုကတော့ “*#92702689#” ပါပဲ။ အဲဒီကုဒ်ကို ရိုက်ထဲ့လိုက်ရင် အဲဒီဖုန်းရဲ့
ပြောခဲ့သမျှ အ၀င်အထွက်စုစုပေါင်းအချိန်ကိုပြပါတယ်။ ဒီနည်းအားဖြင့် အဲဒီစက်ဟာ ဘယ်လောက်သုံးထားသလဲဆိုတာ သိနိုင်ပါတယ်။