မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


Fileden is banned!

5/27/08

မင်္ဂလာပါ ...
အခုတလော ဂျီမေးလ်တွေပြန်ဖွင့်ပေးတယ်(gmail.com)၊ ဘလော့တွေပြန်လော့အင်ဝင်လို့ရပြီ(blogger.com) ဆိုလို့ ၀မ်းသာအားရနဲ့ ကြိုဆိုနေမိပါတယ်။ Mpt ကိုသုံးတဲ့ 203.81.80.83 (ကျွန်တော်သုံးတာ) နဲ့ 203.81.80.81, 203.81.80.80 မှာ ရတယ်လို့ကြားပါတယ်။ 203.81.72.200 နဲ့ ygncache.mpt.net.mm ကိုတော့ ကျွန်တော်သေသေချာချာ ပြန်မစစ်ကြည့်ရသေးဘူး။ အဲ့ဒီပရိုဆီတွေကတော့ ခုတလောသိပ်သုံးလို့မကောင်းဘူး။ ဒီကြားထဲမှာ ပရိုဆီတွေရုတ်တရက်ချိန်းတာ၊ Client Log in ခဏခဏပြန်ဝင်ရတာတွေ ကြုံရပါသေးတယ်။ အဆိုးဆုံးကတော့ Banned (or) Blocked ။ အဲ့ဒါတွေက စမ်းနေတာပဲလား၊ ဒါမှမဟုတ် ပေါ်လစီနဲ့ပါတ်သတ်ပြီး ပိတ်ထားတာလားတော့ ကျွန်တော်မသိတော့ပါ။ ဒီအထဲမှာ Upload & Download အဆင်ပြေတဲ့ fileden.com ကို ဘန်းလိုက်ခြင်းပါပဲ။ ဒီအတွက် တောင်ငူဘလော့က ဖိုင်ဒန်းမှာ ယူထားတဲ့ လင့်တွေကို ပြန်ပြောင်းရပါတော့မယ်။ အကုန်လုံးပြောင်းဖို့ရာကတော့ မဖြစ်နိုင်ပါဘူးခင်ဗျာ။ ခုလောလောဆယ်တော့ ဖောင့် (font pack) ကို ပြန်ရွှေ့ရပါမယ်။ အခက်အခဲဖြစ်ခဲ့ရင် ခွင့်လွှတ်ကြပါလို့။