အစောပိုင်းမှာတော့ ဘလောက်ကို လိုအပ်သလို ပြင်ဆင်ဖို့ အင်တာနက် လိုတာ မှန်ပေမယ့် နောက်ပိုင်း ပို့စ်တွေ တင်ဖို့ရာ အီးမေးလ် ရှိရုံနဲ့
ဖြစ်ပါတယ်။ အီးမေးလ်ကနေတဆင့် ဘလောက်ပို့စ် တင်နိုင်တဲ့ နည်းလမ်းကို နည်းနည်းပြောပြချင်ပါတယ်။
်
အီးမေးလ်ကနေတဆင့် ဘလောက်ပို့စ်တင်နိုင်ရန်
* Blogger ကိုဝင်ပြီးလျင် Settings ကနေတဆင့် Email tab ကို နှိပ်ပါ။
* အဲဒီမှာ Mail-to-Blogger Address ဆိုတာကိုရှာပါ။ အဲဒီမှာ အီးမေးလ် လိပ်စာတစ်ခုဖြည့်ဖို့ ကွက်လပ်တစ်ခု ပေးထားပါတယ် နမူနာအီးမေးလ်
လိပ်စာကတော့ username.secretword@blogger.com ဖြစ်ပါတယ်။ အရှေ့ဆုံးက မိမိရဲ့ (ဘလောက်ဂါကို login လုပ်စဉ်သုံးသော) အမည်၊ ပြီးလျင် အစက် (full stop) တစ်ခု ခံပြီး မိမိ နှစ်သက်ရာ လျှို့ဝှက် စကားလုံးတစ်ခု ဖြည့်စွက်ပါ။၊ ပြီးလျင် အခြား အီးမေးလ် လိပ်စာတွေလို @ သင်္ကေတခံပြီး blogger.com နဲ့ အဆုံးသတ်ပါတယ်။ ဒါဆို အီးမေးလ်ကနေတဆင့် ဘလောက်ကို ပို့စ်တင်လို့ ရပါပြီ။
* မိမိတင်လိုက်တဲ့ ပို့စ်ကို အင်တာနက်မှာ အလိုအလျောက် ပေါ်စေချင်တယ်ဆိုရင်တော့ publish ဆိုတဲ့ စကားလုံးနားက
လေးထောင့်ကွက်ကလေးကို အမှန်ခြစ်ပေးပါ။
အီးမေးလ်ဖြင့် ပေးပို့ခြင်း
* မိမိရေးလိုသော ပို့စ်ကို ရေးသားပါ။
* အီးမေးလ်၏ subject လိုင်းတွင်ရေးသော ခေါင်းစဉ်မှာ
မိမိပို့စ်၏ ခေါင်းစဉ်ဖြစ်သွားပါမည်။
* အထက်တွင် ပြင်ဆင်ထားခဲ့ပြီးသော အီးမေးလ် လိပ်စာသို့ အီးမေးလ် ပို့နေကျအတိုင်းပို့ပါ။
* မိမိ၏ပို့စ်မှာ ဘလောက်တွင် အလိုအလျောက် ပေါ်ပြီးသားဖြစ်နေပါမည်။
သတိပြုရန်
* လျှို့ဝှက် စကားလုံးက အခရာကျပါတယ်။ အခြားသူ တစ်ဦးဦးက ဒီလျှို့ဝှက်စာလုံးကို သိသွားရင် မိမိ အမည်ကို အလွဲသုံးစားလုပ်ပြီး ပို့စ်တင်လို့ ရပါတယ်။
* နောက်တစ်ချက်က တချို့ အီးမေးလ် တွေရဲ့ အောက်ဆုံးနားမှာ အလိုအလျောက် ထည့်သွင်းထားတဲ့ စကားစုများ (ဥပမာ - မိမိ၏ လိပ်စာ) ရှိတတ်ပါတယ်။ အဲဒီ စကားစုတွေဟာလည်း ဘလော့မှာ သွားရောက်ပေါ်နေပါမယ်။ ဒီလို မပေါ်စေချင်ရင်ဖြင့် မိမိ ရေးပြီးသားပို့စ် ရဲ့ အဆုံးမှာ #end ကိုဖြည့်စွက်ပေးလိုက်ပါ။ ဒါဆို ဘယ်နေရာမှာ အဆုံးသတ်ရမလဲ ဘလောက်ဂါက သိပြီပေါ့။
* အစုအဖွဲ့လိုက် ရေးသားသော ဘလောက်များ (joint-blog) တွင်လည်း ဤသို့ စီစဉ်ထားရှိနိုင်ပါသည်။ ဤအီးမေးလ် လိပ်စာသို့ ပို့သော စာတိုင်းမှာ မိမိအမည်ဖြင့် တင်သော ပို့စ်ဟု ပေါ်နေပေမည်။
* အီးမေးလ်ဖြင့် ဘလောက်ပို့စ်တင်ရာတွင် label များအလိုအလျောက်ထည့်သွင်း၍ မရပါ။ အင်တာနက် အသုံးပြုနိုင်သည့် အချိန်တွင်မှ Blogger တွင် သွားရောက်ပြင်ဆင် ထည့်သွင်းရပါမည်။
* မြန်မာစာ ဖြင့် ရေးသားမည် ဆိုပါက Word သို့မဟုတ် WordPad တွင် ရေးသားပြီးမှ ဖြတ်ညှပ်ကပ် (cut & paste) လုပ်ခြင်းက အီးမေးလ်ထဲတွင် တိုက်ရိုက် ရေးခြင်းထက် အဆင်ပြေပါသည်။
* နောက်ဆုံးပေါ် Microsoft Word 2007 တွင်မူ ၄င်း ပရိုဂရမ် အတွင်းမှ နေ၍ တိုက်ရိုက် ပို့စ်တင်လို့ ရအောင် စီစဉ်ထားပါသည်။
တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။ |
ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ် |
To post Blog from email
5/20/08
Author : komatt
ခေါင်းစဉ် - သုတရေးရာ
Subscribe to:
Comment Feed (RSS)
|