မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


2008 Antivirus Reviews and KAV7

5/16/08

မင်္ဂလာပါ။
ကျွန်တော်တို့ Anti-virus ဆိုတာတွေအကြောင်းမပြောခင် Virus အကြောင်းကို နည်းနည်းလောက်ဆွေးနွေး ကြည့်ရအောင်။

Virus (Computer Virus) ဆိုတာကတော့ ကွန်ပျူတာပရိုဂရမ်တစ်မျိုးပါပဲ။ သူ့ဘာသာသူပွါးနိုင်တယ်။ ကွန်ပျူတာအသုံးပြုသူ (user) တောင်မှ မသိစေနိုင်ပဲ ခွင့်ပြုချက်မရှိ၊ ရည်ရွယ်ရိုးထုံးစံမရှိဘဲ ကွန်ပျူတာကို ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ ပရိုဂရမ် (ဒါမှမဟုတ်) Programming Code ပဲဖြစ်ပါတယ်။ Virus ရဲ့ မူကွဲတွေကတော့ Malware နဲ့ adware programs တွေပဲဖြစ်ပါတယ်။ Virus ရဲ့ပြန့်ပွါးမှုကတော့ ကူးစက်ခံထားရတဲ့ ကွန်ပျူတာမှ နောက်ကွန်ပျူတာတစ်လုံးဆီကို အင်တာနက်ကွန်ယက်ပေါ်ကဖြစ်ဖြစ်၊ USB ခေါ် Memory Stick နဲ့ Floppy Disk တွေကတဆင့်ပဲဖြစ်ဖြစ် ပျံ့ပွါးနိုင်ပါတယ်။

မူလဖြစ်ပေါ်လာတဲ့ဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးပွါး(virus copies)တွေကို ကြီးထွားလာအောင် ပြုစုပျိုးထောင်ပေးနိုင်သလိုပဲ မျိုးပွါးတွေကလည်း သူတို့ကိုယ်သူတို့ သန်မာလာအောင် ဖျက်ဆီးနိုင်စွမ်း မြင့်မားလာအောင် ဆောင်ရွက်နိုင်ကြပါတယ်။ အဲ့ဒါကို Metamorphic Virus (In computer virus terms, metamorphic code is code that can reprogram itself. Often, it does this by translating its own code into a temporary representation, edit the temporary representation of itself, and then write itself back to normal code again.) လိုရေးသားသတ်မှတ်ကြပါတယ်။

ဗိုင်းရပ်စ်တွေကို တခါတလေမှာ Trojan တို့ worms တို့နဲ့ မှားတတ်ပါသေးတယ်။ (ကျွန်တော်လည်း အပါအ၀င်ပါ) ။ ဗိုင်းရပ်စ်ပျံ့ပွါးဖို့ရာ ကြားအကူပစ္စည်းလိုပေမယ့် worm တွေပွါးဖို့အတွက် ကြားက (အင်တာနက် ချိတ်ဆက်မှုတို့ USB stick တို့) အကူအညီတွေ မလိုပါဘူး။ သူ့ဟာသူပျံ့ပွါးတာပါ။ Trojan ကတော့ မခုတ်တတ်တဲ့ကြောင်သဖွယ် အန္တရာယ်မပေးနိုင်ဘူးလို့ထင်ရတဲ့ ဖိုင်ကလေးတစ်ခုအနေနဲ့ ရောက်နေတာပါ။ ယေဘုယျအားဖြင့်တော့ worm က အန္တရာယ်သိပ်မရှိလှပါဘူး။ Trojan File ကသာ သွားဖြေလိုက်ရင် အရှုပ်တွေထွက်ကျလာတာပါ။ (ေယဘုယ်ပါခင္ဗ်ာ ေယဘုယ်ပါ)

ဒါ့ကြောင့် လူကြီးသူမတွေပြောနေကြတာ တွေ့ကရာလျှောက်မလှန်ကြပါနဲ့လို့။ အင်တာနက်မှာ ကိုယ်မသိတဲ့ လူတွေဆီကဖြစ်ဖြစ်(ကိုယ်သိတဲ့လူတွေဆီကလဲ ယောယောင်ပြီးပါလာတတ်ပါတယ်)၊ ကိုယ်ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ၀က်ဆိုဒ်ကပဲဖြစ်ဖြစ် ဖိုင်တွေဒေါင်းတာတို့၊ ဒေါင်းတဲ့ဖိုင်တွေကို ဖြည်ပြီးကြည့်တာတို့တွေကို အရမ်းကာရောမလုပ်ကြပါနဲ့လို့။ (အထူးသဖြင့် Screen Saver တို့ လူကြိုက်များမယ့် ဗွီဒီယိုတို့ ပုံတို့မှာ လွယ်လွယ်နဲ့ ပေါပေါ ဗိုင်းရပ်စ်တွေကို ရနိုင်ပါတယ်) ယခုကာလမှာ ဗိုင်းရပ်စ်၊ ထရိုဂျန် စတဲ့ အဖျက်တွေဟာ ပုံစံအမျိုးမျိုး အနေအထားအမျိုးမျိုးနဲ့ အင်တာနက်ပေါ်မှာကော USB နဲ့ တချို့သောကွန်ပျူတာတွေထဲမှာ ရှိနေကြပါသေးတယ်။ အဲ့ဒီတော့ အဲ့ဒါတွေကို ဘယ်လိုရှင်းကြမလဲ။ ဗိုင်းရပ်စ်တွေ သတ်ဖို့၊ ရှင်းဖို့အတွက်ကတော့ ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံးစာရင်းဝင်ခဲ့တဲ့ Kaspersky Anti Virus ဟာ မြန်မာနိုင်ငံမှာ (တခြားမှာတော့ မသိဘူး) ရေပန်းစားနေပါတယ်။ KAV ဟာ ငွေတံဆိပ်ချိတ်ခဲ့တာပါ။ ရွှေကတော့ Bit Defender ရသွားပါတယ်။



ကျွန်တော်တော့ လောလောဆယ်မှာ KAV 7.0.0.125 ကိုသုံးနေရပါတယ်။ ကျွန်တော် အပ်လုဒ်ပြန်တင်ပေးထားပါတယ်။
Kaspersky Antivirus 7

အပေါ်ကဟာက အင်စတော်လာဖိုင်ပါ။ zip ဖိုင်အနေနဲ့တင်ထားတာပါ။ ဒေါင်းလုဒ်ချပြီး အင်စတောလုပ်ပါ။ အင်စတောပြီးခါနီးမှာ Activate လုပ်ဖို့တောင်းလာပါလိမ့်မယ်။ အက်တီဗိတ်လုပ်ဖို့ ကီးကတော့
Activation Keys

အဆင်မပြေရင်ပြန်ပြောပါ။

ဂနေ့တော့ ဂလောက်နဲ့ပဲ ရပ်ပါရစေ။ တောင်ငူမြို့ဘလော့လေးကို လာလည်တဲ့အတွက် ကျေးဇူးပါ။