မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


သင်္ကြန်စာ

4/8/08

ယခုနှစ် မဟာသင်္ကြန်အကြိုနေ့မနက်ခင်းတွင်သိကြားမင်းထံသို့ (၃၇) မင်း နတ်များထံမှ email ၀င်လာသဖြင့်ဖတ်လိုက်ရာ
မြန်မာနိုင်ငံမဟာသင်္ကြန်တွင် ရေပက်သူနှင့် ရေပက်ခံသူ အင်အားမမျှသဖြင့် နတ်သမီး (၅၀၀) အား အကူအညီပေးရန် တောင်းဆိုထားသောစာဖြစ်နေ၏။

သို့ဖြစ်ပါ၍ ၁၃.၄.၂၀၀၇ မဟာသင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် နတ်သမီး (၅၀၀) လူ့ပြည်သို့ဆင်း၍ကူညီအားဖြည့်ရာ
ယခု ၁၇.၄.၂၀၀၇ သင်္ကြန် အတက်နေ့တွင် ရန်ကုန်မြို့ ဗဟိုအမျိုးသမီး ဆေးရုံကြီး၌အတွင်းလူနာအဖြစ် ကုသခံရဆဲရှိပါကြောင်း၊ ကုတင်များမဆံ့သဖြင့် အနောက်ပိုင်းဆေးရုံကြီးသို့ လွှဲပြောင်းထားရကြောင်း သိရှိရပါသည်။ နတ်သမီးများအား အင်တာဗျူးရာ မြန်မာလူငယ်များ၏ ဒဏ်ကိုမခံနိုင်သဖြင့်ယခုလို အတွင်းလူနာအဖြစ် တက်ရောက်ကုသရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေဆိုထားကြောင်းကို
သိရှိရပါသည်။

နှစ်ဆန်းတစ်ရက်နေ့အထိ နတ်သမီးများမှာ နတ်ပြည်သို့ ပြန်လည် ရောက်ရှိမလာပါသဖြင့် သိကြားမင်းစိတ်ပူလျက်ရှိကြောင်း၊ လက်ဆော့သူများအား သိကြားမင်းသည် ငှားထားသောLaptopဖြင့် စာရင်းမှတ်ထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။ အပြည့်အစုံသိလိုပါက စုံစမ်းနိုင်ပါသည်။

စုံစမ်းရန်
သိကြားမင်း (ခေတ္တနတ်ပြည်)
ဘာမသိ ရပ်ကွက်၊ ရမ်းတုပ်မြို့နယ်
နတ်ပြည်နတ်ရွာ