မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


ဆေးတစ်ခွက်...

4/1/08

လောကိသားများအတွက် အစွမ်းထက် ဆေးတစ်ခွက်

အို အဆွေတို့ ...
ကျွန်ုပ်သည် အလွန်တရာ အစွမ်းထက်လှသော ဆေးကောင်း တစ်လက်ကို ကျွန်ုပ်၏ ဆရာထံမှ သင်ယူရရှိထား၏။
ဤဆေးညွှန်း ကိုနောင်လာနောင်သားတို့ အကျိုးငှာ ဤ Blog တွင် မှတ်တမ်းတင်အပ်ပေ၏။

ဆေး၏အာနိသင်များ -
၁။ မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အကြောင်းကိစ္စ မဆို သင့် ကိုယ်သင်ယုံကြည်မှု ရှိစေခြင်း။
၂။ သူတကာတို့၏ ချစ်ခင်လေးစားမှု ရရှိစေခြင်း။
၃။ ရုပ်ရည်ရူပကာ တင့်တယ်ကြည်လင်စေခြင်း။
၎။ လုပ်ငန်းများ အဆင်ပြေချောမွေ့စေခြင်း။
၅။ ကိုယ်ခန္ဓာ မွှေးပျံ့သန့်ရှင်းစေခြင်း။
၆။ စိတ်နှလုံး ချမ်းမြေ့ရွှင်လန်းစေခြင်း။
၇။ ရန်သူအပေါင်း၏ နှောက်ယှက်ခြင်းမှ ကင်းဝေးစေခြင်း။
၈။ ကောင်းမွန်တင့်တယ်စွာ နေထိုင်ရခြင်း စသည် စသည်ဖြင့် အကျိုးကျေးဇူးများရရှိပါမည်။

မှီဝဲရမည့်အချိန် -
- နံနက် အိပ်ရာထ
- မွန်းတည့် ထမင်းစားပြီး
- ညအိပ်ယာဝင်ခါနီး
- အချိန်ရှိသရွေ့ သုံးဆောင်ရမည်။

သတိပြုရှောင်ကြဉ်ရန် -
- ဆေးမသောက်ချင်သောစိတ်

ပါဝင်သောဆေးအမယ်များ -
- ပါဏာတိပါတာ ဝေရမဏိ (သူတစ်ပါး အသက်ကို သက်ခြင်းမှ ရှောင်ကြဉ်ခြင်း)
- အဒိန္နာဒါနာ ဝေရမဏိ (သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း)
- မုသာဝါဒါ ဝေရမဏိ (လိမ်လည် သော၊ ပြိန်ဖျင်းသော၊ ကြမ်းတမ်းသော၊ ကုန်းတိုက် မိတ်ခွဲသော စကားများ ပြောခြင်းမှ ရှောင်ကြဉ်ခြင်း)
- ကာမေသုမိစ္ဆာစာရာ ဝေရာမဏိ (သူတစ်ပါး အိမ်ရာ ပြစ်မှားခြင်းမှ ရှောင်ကြဉ်ခြင်း)
- သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ (မူးယစ်၊ ထုံထိုင်း စေတတ်သော အရာများကို သောက်စား သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း)

ဆေးအမည် - "ပဉ္စသီလ"

ထိုဆေးကို ညွှန်ပြပေးသော ဆရာ ဂေါတမ ဗုဒ္ဓ၊ တရားတော် နှင့် သံဃာတော် တို့အား အထူးကျေးဇူးတင်ရှိပါသည်။

မှတ်ချက် ။ ။ ဤဆေးကို လူမျိုးမရွေး ဘာသာမရွေး မည်သည့်အချိန်တွင်မဆို စတင်သုံးဆောင်နိုင်ပါသည်။