မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


ဂီတ သင်တန်းကျောင်းများ

4/2/08

ဂီတ သင်တန်းကျောင်းများ


ဂီတ၀ါသနာပါပြီး ဘယ်ကစရင်ကောင်းမလဲလို့
စိတ်ကူးနေတဲ့ဝါသနာရှင်လူငယ်တေ

ွအတွက်
သင်တန်းကျောင်းအချို့ရဲ့အချက်အလက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

ဂီတမိတ်
၂၀၀၃ ဒီဇင်ဘာမှစတင်ဖွင့်လှစ်ခဲ့တဲ့ ဂီတမိတ် သင်တန်းကျောင်းမှာ စန္ဒရား၊
အဆိုဂစ်တာ (Classic, Bass)၊ ဒရမ်၊ ကလဲနက်၊ လေမှုတ်တူရိယာစတဲ့ ဂီတ
ပညာရပ်များကို သင်ယူနိုင်ပါတယ်။ ကြိုက်နှစ်သက် ရာမေဂျာတစ်ခုခုကို
သင်ကြားတဲ့အခါတိုင်းမှာ ဂီတ သီအိုရီနဲ့ အဆိုပိုင်းကို
တွဲဖက်သင်ကြားပေးပါတယ်။ ဂီတပညာရှင် ဆရာဆယ့်ခြောက်ဦးက တပည့်တစ်ဦး လျှင်
ဆရာတစ်ဦးစနစ်နဲ့သင်ကြားပေးပါတယ်။ တစ်ပတ်လျှင် နှစ်ရက်နှုန်းနဲ့တစ်လကို
တစ်သောင်းခွဲနှုန်းနဲ့ သင်ကြားပေးနေပါတယ်။
ဆက်သွယ်ရန်- အမှတ်- ၂၁၉၊ ကာယသုခလမ်းသွယ်၊ ကံဘဲဘူတာရုံလမ်း၊ ရန်ကင်း၊ Ph: ၁၉ ၅၁၈၁၇၁၄

ညီညီထွေး (ဂစ်တာသင်တန်း)
၁၉၉၄ကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ ညီညီထွေးရဲ့ ဂစ်တာသင်တန်းမှာ
ဂစ်တာနဲ့ပတ်သက်ပြီး အခြေခံ ကနေစပြီး သင်ပေးသလို၊ လာရောက်သင်ကြားလိုသူရဲ့
ဆန္ဒအတိုင်းမေးမြန်းသင်ကြားပေးပါတယ်။ ဂစ်တာ ဆိုင်ရာ လက်လေ့ကျင့်ခန်း
ဂီတပိုင်းဆိုင်ရာ သီအိုရီ များကိုလည်း သင်ကြားပေးပါတယ်။ ယခုအခါ
ဂစ်တာသင်တန်းအပြင် ဒရမ်သင်တန်းကိုပါ ပူးတွဲဖွင့်လှစ်ထားပါတယ်။ Rock
ဂီတကို ခုံမင်သူများအတွက် အဆင်ပြေစေမယ့်သင်တန်းပါ။
ညီညီထွေးရဲ့ဂစ်တာသင်တန်းမှာ ဂစ်တာတီးခတ်ရုံမျှမက ဂစ်တာ Effect
တွေရဲ့သဘောထား၊ နိုင်ငံတကာက အတီးသမားတွေ ရဲ့ အယူအဆ စတာတွေကိုပါ
ပြောပြဆွေးနွေးပေးပါတယ်။ သင်တန်းပုံစံမျိုးမဟုတ်ဘဲ မိသားစုဆန်ဆန်
သင်ကြားပေးခြင်းပါ။ သင်တန်းကြေးအနေနဲ့ကတော့ တစ်လကို တစ်ပတ်လျှင်(၂)ရက်
သင်ကြားချိန် တစ်နာရီခွဲနှုန်းကို တစ်သောင်း၊ တစ်ပတ်လျှင်(၃)ရက်
သင်ကြားချိန် တစ်နာရီခွဲကို တစ်သောင်းခွဲနှုန်းနဲ့ သင် ကြားပေးနေပါတယ်။
ဒရမ်သင်တန်းကတော့ နှစ်နာရီသင်ကြား ချိန်ကိုတစ်သောင်းခွဲနှုန်းပါ။ ဖော်ပြပါ
သင်တန်းအချိန် များမှာ သင်ကြားမှုအချိန်ဖြစ်ပြီး လာရောက်လေ့ကျင့်
လိုတဲ့သင်တန်းသားများအား အချိန်ညှိနှိုင်းပြီးလာ ရောက်လေ့ကျင့်နိုင်ပါတယ်။
ဆက်သွယ်ရန်- အမှတ်-၁၅၂(B)၊ (၈)လွှာ၊ မြန်မာ့ ဂုဏ်ရည်လမ်း၊ ကန်တော်လေး Ph -
၀၉ ၅၁၄၈၅၇၈

တယောသင်တန်း (ဦးတင်ရီ) Academy of Music
တယောပညာရှင် ဦးတင်ရီ ကိုယ်တိုင်ဦးစီးဖွင့် လှစ်ထားတဲ့
သင်တန်းဖြစ်ပါတယ်။ အသက်ရှစ်နှစ် အရွယ်ကနေ စတင်သင်ကြားနိုင်ပါတယ်။ သင်တန်း
ကြေးအနေနဲ့ကတော့တစ်လလျှင် တစ်သောင်း နှုန်းတစ်ပတ်(၃)ရက်၊ တနင်္လာ၊ ဗုဒ္ဓဟူး၊
သောကြာ (၉)နာရီမှ (၁၁)နာရီထိ၊ ညနေ(၄)နာရီမှ (၆) နာရီအထိ
ကြိုက်နှစ်သက်ရာအချိန်များ ရွေးချယ် တက်ရောက်နိုင်ပါတယ်။
ဆက်သွယ်ရန်- အမှတ်(၃၅)၊ (၆)လွှာ(B)၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊
ကမာရွတ်မြို့နယ်။ Ph: ၀၉ ၉၉၂၈၈၅၃

Hla Shwe Music Center
စန္ဒယားနဲ့ပတ်သက်သမျှတွေဖြစ်တဲ့ စန္ဒယား ရောင်းဝယ်ခြင်း၊
ငှားရမ်းပြုပြင်ခြင်းတို့အပြင် စန္ဒယား၊ ဂစ်တာ၊ တယော သင်တန်းများကိုလည်း
ဖွင့်လှစ် ထားတဲ့ လှရွှေ Music Center မှာ တက်မယ်ဆိုရင် သင်တန်းကြေးအနေနဲ့
တစ်လလျှင် စန္ဒယား သင်တန်းကို (၂)သောင်းခွဲနှုန်း တစ်ပတ်(၂)ရက်၊ ဂစ်
တာသင်တန်းကို အခြေခံ (၂) လခွဲအပြတ်၊ (၂) သောင်း ခွဲနှုန်း၊ တယောသင်တန်းကို
အခြေခံ (၂) လခွဲအပြတ် သုံးသောင်းနှုန်းနဲ့ နေ့စဉ်မနက်(၉)နာရီမှ ညနေ(၇)နာ
ရီအထိ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
ဆက်သွယ်ရန်- ၉၀၉(B)၊ (၉)လွှာ၊ ရွှေဂုံတိုင်၊ ယုဇန တာဝါ။ PH: ၅၅၉၅၈၉

ကိုစိုင်း ရဲ့ ဂစ်တာသင်တန်း
ဂစ်တာစာအုပ်တွေလည်းထုတ် ဂစ်တာနဲ့ပတ်သက်ရာ နည်းပညာဆောင်းပါးတွေလည်းရေးတဲ့
ဂစ်တာပညာရှင် ကိုစိုင်းကိုယ်တိုင် (၁၉၉၄) ကနေ စတင် ဖွင့်လှစ်ခဲ့တဲ့
သင်တန်းပါ။ သင်တန်းမှာ မသင်မနေရ သီဆိုရီပိုင်းနဲ့ Rhythm
တီးခတ်ခြင်းကိုသင်ပေးပြီး Metal, Bass, Lead စတာတွေကို သင်ကြားလိုတာကို
သင်ယူနိုင်ပါတယ်။ သင်တန်းချိန်ကို မနက်၊ နေ့လည်၊ ညပိုင်းဆိုပြီး
သတ်မှတ်ထားပါတယ်။ တစ်ချိန်ကို တစ်နာရီနှုန်းနဲ့ တစ်ပတ် 3 ရက်
သတ်မှတ်ထားပါတယ်။ သင်တန်းကြေးက တစ်လကို တစ်သောင်းနှုန်းပါ။
ဆက်သွယ်ရန်- အမှတ်(၆၈)၊ မင်းလမ်း စမ်းချောင်း၊