မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


စားရိတ်နည်းနည်း အသုံးတည့်နည်းများ (5 )

4/2/08

စားရိတ်နည်းနည်း အသုံးတည့်နည်းလည်းများ (5 )





ကျွန်တော် ဒီ စားရိတ်နဲနဲ အသုံးတည့်နည်းလမ်းများကို
မတင်တာတော်တော်ကြာသွားပါပြီ။ ဟိုတစ်နေ့က သူငယ်ချင်းမလေးတစ်ယောက်က
ဘာလို့မတင်တော့တာလဲတဲ့ အဆင်ပြေရင်တင်ပေးပါလို့ဆိုတော့
ကျွန်တော်ကူးကူးနေတဲ့ စင်္ကာပူက woman မဂ္ဂဇင်းကလဲ မရတော့တာနဲ့ မြင်ကွင်း
မဂ္ဂဇင်း ( ဖေဖော်ဝါရီ) ထဲကပဲ ကျွန်တော် ပြန်တင်ပြလိုက်ပါတယ်...။



သန့်စေလတ်စေတဲ့ပုလင်း

ကြက်သွန်ဖြူတွေ အခွံသင်ထားတာများသွားတယ်။ ဟင်းချက်ဖို့ကနဲနဲ ၊
ပိုနေတာကများများ ဖြစ်နေရင် နွမ်းမသွားအောင်သိမ်းတဲ့နည်းပြေ

ာပါ့မယ်။
ပုလင်းလွတ် တစ်လုံးသန့်သန့်မှာ သံလွင်ဆီနဲနဲထည့်ပြီး ကြက်သွန်ဖြူ
အခွံသင်ထားတဲ့ အမွှာတွေ ပုလင်းထဲထည့်ကာ ရေခဲသေတ္တာမှာ ထည့်လိုက်ရုံပါပဲ။
နောက်တစ်ခါဟင်းချက်တော့မှ ပုလင်းထဲက ကြက်သွန်ဖြူ တွေထုတ်ယူတဲ့အခါ
နဂိုအတိုင်းလတ်နေတာ တွေ့ကြရပါ့မယ်။



အသုံးတည့်တဲ့ ပလပ်စတစ်အိပ်

အိပ်ရာခင်းတွေ အသစ်လဲတဲ့အခါ ပါလာတဲ့အိပ်ရာခင်းထည့် ပလပ်စတစ်အိပ်ကို
မပစ်လိုက်ပဲ ဖိနပ်ဟောင်း ၊ ပစ္စည်းဟောင်းတွေ ထည့်သိမ်းစရာလုပ်ပါ။
ပစ္စည်းဟောင်းတွေ ဖုန်မတက် ၊ မှိုမတက်ပဲ သိမ်းနိုင်တဲ့အပြင် အဲဒီအိတ်က
တစ်ထောင့်တစ်နေရာမှာ ထားသိုလို့ရတော့ ပစ္စည်းတွေ တစ်စုတစ်စည်း လိုရင်
လွယ်လွယ်ရှာနိုင်တာပေါ့။



ရေခဲမုန့် အရည်ပျော်တာ ကာကွယ်နည်း

ဖော့ခွက်ကလေးနဲ့ ရေခဲမုန့်အလုံးလေးတွေစားတဲ့အခါ ရေခဲမုန့်ကအရည်ပျော်ပြီး
ခွက်အောက်ခြေကိုကျတက်တယ်။ အဲဒီတော့ဖော့ခွက်ကပျော့ကုန်ရောပေါ့
ဒီလိုမဖြစ်အောင်ကာကွယ်ချင်ရင် စားစရာ marshmallow ထဲက အတုံးလေးတွေကို
ဖော့ခွက်အောက်မှာခံပြီးတော့ ရေခဲ့မုန့်တွေကို အပေါ်ကတင်ပြီးမှစားပါ။
ဒါဆိုရင် ဖော့ခွက် တွေပျော့တာကာကွယ်ပြီးသား ဖြစ်နေတဲ့အပြင် နောက်ဆုံးမှာ
marshmallow လေးတွေကို ထုတ်စားတဲ့အခါ အရသာချိုချိုလေးတွေ စုပ်ယူဖို့
အသင့်ဖြစ်နေတာတွေ့ရပါလိမ့်မယ်။



ဖုန်တွေကို ဖယ်ရှားမယ်

ပစ္စည်းတွေ ဖုန်တက် ဖုန်တင်တဲ့အခါ ရှင်းနိုင်တဲ့ပစ္စည်းကတော့
အမျိုးစုံပါပဲ။ အခုလဲ ဖုန်ရှင်းတဲ့ ပစ္စည်းလေးတစ်မျိုးကို
ဘယ်လိုလုပ်နိုင်လဲဆိုတာပြောပြပါ့မယ်။ ပလက်စတစ်
ရေသန့်ပုလင်းဝိုင်းတစ်လုံးကိုယူပါ အဲဒီပုလင်းအပြင်ကို
ဆယ်လိုတိပ်အကြည့်နဲ့ ကော်ပါတဲ့ဘက်ကိုအပြင်ကထားပြီး တစ်ပက်ပြည့်အောင်
တင်းတင်းပက်ပါ။ အဲဒီပစ္စည်းနဲ့ ဖုန်ကပ်နေတဲ့ စားပွဲကုလားထိုင်
မျက်နှာပြင်ကို လျှောက်လိမ့်ရင် ဖုန်တွေကပ်ပါလာလိမ့်မယ်။ လွယ်ကူသက်သာတဲ့
ဖုန်စုပ်ပစ္စည်းပေါ့။